PSM(NEWS)

ဖေဖော်ဝါရီ ၁၄၊၂၀၂၆

ဒိန်းမတ်ဝန်ကြီးချုပ် မက်တာ ဖရက်ဒရစ်ဆင်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို နှင့် မြူးနစ်လုံခြုံရေးညီလာခံတွင် တွေ့ဆုံရန် စီစဉ်ထားပြီး ဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဂရင်းလန် အရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သောကြာနေ့က မြူးနစ်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂရင်းလန်ဝန်ကြီးချုပ် ဂျန်စ် ဖရက်ဒရစ် နီလ်ဆင် သည်လည်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ဂရင်းလန်လွှတ်တော်က ဒိန်းမတ်ရုပ်သံဌာန DR သို့ အတည်ပြုပြောကြားခဲ့သည်။

ကိုးကား Reuters

#ဂရင်းလန်

#ဒိန်းမတ်ဝန်ကြီးချုပ်

#မြူးနစ်

#ရူဘီယို

#လုံခြုံရေးညီလာခံ

#PSM_News

By Htet Ko