Screenshot

ချယ်ရီကိုကို/PSM (News)

ဇွန် ၁၁၊ ၂၀၂၆

အဆိုတော် ကျားပေါက် ပါဝင်သော HiddenCuts တီးဝိုင်းသည် ပြင်သစ်နိုင်ငံ၏ လူကြိုက်များသော Marcolès (မာကိုးလ်) ဂီတပွဲတော်ကြီးတွင် ပါဝင်ဖျော်ဖြေခွင့် ရရှိထားကြောင်း သိရသည်။

HiddenCuts တီးဝိုင်းသည် ပွဲတော်ကျင်းပမည့် ဇွန် ၁၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်တွင် အဓိကစင်မြင့် (Main Stage) မှနေ၍ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး အဆိုပါပွဲစဉ် အချိန်ဇယား ထွက်ပေါ်လာပြီ ဖြစ်ကြောင်း အဆိုတော် ကျားပေါက်က ယနေ့ ဇွန် ၁၁ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။

အဆိုတော် ကျားပေါက်က Main Stage တွင် အဓိကနေရာ ရရှိခဲ့ခြင်းနှင့် ပတ်သက်၍ “ပွဲရောက်မှပဲ သိရမှာပေါ့” ဟု စိန်ခေါ်မှုအပြည့်ဖြင့် ပြောကြားထားသည်။

“ဂုဏ်ယူပါတယ်။ ကိုယ့်အဆိုတော်တွေ၊ အနုပညာရှင်တွေ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းမှာ ဆက်လက်နေထိုင် ဖျော်ဖြေဖို့ အဆင်မပြေတော့ပေမယ့် ကမ္ဘာ့ရုပ်ရှင်ပလက်ဖောင်းတွေ၊ စင်မြင့် (Stage) တွေအထိ နေရာယူပြနိုင်တာ တကယ်ကို ကျေနပ်စရာကောင်းတဲ့ ကိစ္စပါ” ဟု တော်လှန်ရေး လှုပ်ရှားမှုကို ထောက်ခံသည့် ပရိသတ်တစ်ဦးက PSM News ကို ပြောသည်။

ပွဲတော်အချိန်ဇယား ထွက်ပေါ်လာပြီးနောက် ပြင်သစ်နိုင်ငံရှိ ဒေသခံပရိသတ်များနှင့် အဆိုတော် ကျားပေါက်၏ မိတ်ဆွေသူငယ်ချင်းများမှာ ပွဲတော်လက်မှတ်များကို အလုအယက် ကြိုတင်ဝယ်ယူ နေကြပြီး အချို့မှာ ပွဲတော်ကျင်းပမည့်နေရာအနီးတွင် နေထိုင်ရန် နေအိမ်များကိုပါ ကြိုတင်ငှားရမ်း မှုများ ပြုလုပ်နေကြပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပွဲတော်တွင် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မည့် အထူးသန့်စင်ခန်း အပါအဝင် ဝန်ဆောင်မှု အချို့ကို ရယူနိုင်ရန်အတွက် မိမိတို့ဝယ်ယူထားသော လက်မှတ်များကို အဆင့်မြှင့်တင်ခြင်း (Upgrade) ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ကျားပေါက်က လူမှုကွန်ရက်တွင် အသိပေးထားသည်။

Screenshot

By Htet Ko