PSM(News) မတ် ၁၁၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံပန်း စခန်းကို စစ်ကော်မရှင်တပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့၏ အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင် ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA က ယနေ့ မတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။ စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီကျော်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အထိ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံပန်းစခန်းကို ဂျက်ဖိုက်တာ လေးစင်း၊ Y-12 လေယာဉ် လေးစင်းတို့ဖြင့် သုံးနာရီခွဲခန့်ကြာအောင် မရပ်မနား ဆက်တိုက်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ထိုသို့ လူမဆန်သော တိုက်ခိုက်မှုကြောင့် လက်နက်ချအညံ့ခံထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် စစ်သုံပန်း ၁၁၆ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ သေဆုံးသူများထဲတွင် စစ်ဘက်အရာရှိကြီး အများ အပြား ပါဝင်နေပြီး အလောင်းအချို့မှာ မည်သူမည်ဝါမှန်း ခွဲခြား၍မရအောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒဏ်ရာရသူ ၃၂ ဦးရှိပြီး စခန်းအတွင်းရှိ ပြစ်ဒဏ်ကျခံနေရသော အရပ်သားအချို့လည်း သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုဖြစ်စဉ်သည် ရခိုင်ပြည်နယ်သို့ စစ်ကော်မရှင်၏ လေကြောင်းမှ တိုက်ခိုက်မှုများထဲတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များအချင်းချင်း ပြန်လည်သတ်ဖြတ်မိသည့် အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်သည်။ စစ်သုံပန်းအလောင်းအချိုမှာ မည်သူမည်ဝါမှန်း စစ်ဆေးရန်ခက်ခဲခြင်းအပြင် ခန္ဓာကိုယ်အပိုင်းအစများ တစ်စမှ မရရှိသော ပျောက်ဆုံးအလောင်းများလည်း ရှိနေသေးသောကြောင့် အသေးစိတ် အချက် အလက်များကို စစ်ဆေးပြီးသည့်အချိန်တွင် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း AA က အသိပေးထားသည်။ ဓာတ်ပုံ- AA Info Desk ၊ APM #အမ်း #AA #စစ်သုံပန်းစခန်း #စစ်ကော်မရှင်ဗုံးကြဲ #အစုလိုက်အပြုံလိုက်သတ်ဖြတ် #PSM_News Post navigation ညောင်လေးပင်တွင် ဖမ်းထားသည့် အရပ်သား ၃၀၀ ကျော်ကို PDF နှင့် KNLA ပူးပေါင်းတပ်များက စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ပြီး ကယ်ထုတ်ခဲ့ခြင်းဖြစ် ယင်းမာပင် တပ်ရင်း -၂၀ ရဲမေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုအတွက် တပ်ရင်းမှူးအပါအဝင် သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေဟု NUG ထုတ်ပြန်