PSM(News) မတ် ၁၁၊ ၂၀၂၆ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်စခန်းတည်ရှိရာသို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်ဝင်ရောက်လာရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။ ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအုပ်စုအတွင်းရှိ ပုံဝိုးကျေးရွာနှင့် ကွမ်ဟင်ကျေးရွာအနီးတွင် ယမန်နေ့ မတ်လ ၁၀ ရက်၊ နံနက် ၁၁ နာရီခန့်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ စစ်ကော်မရှင်တပ် ခမရ (၁၁၅) မှ အင်အား ၁၀၀ ဝန်းကျင်ခန့်သည် SSPP တပ်စခန်းတည်ရှိရာသို့ ဦးတည်ထိုးစစ်ဆင်လာပြီး စတင်ပစ်ခတ်ခဲ့ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ပွဲသည် နံနက် ၁၁ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အထိ တစ်နာရီကျော်ကြာ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ အတည်မပြုနိုင်သေးကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် စစ်ကော်မရှင်ဘက်မှ ပုံဝိုး၊ ကွမ်ဟင်၊ တော်လေနှင့် လေလွယ်ကျေးရွာတို့တွင် စစ်အင်အားများ ဆက်လက်ဖြည့်တင်းလျက်ရှိရာ ဒေသတွင်း၌ နှစ်ဖက်စစ်ရေးတင်းမာမှုများ မြင့်တက် နေကြောင်း သိရသည်။ #PSM_News #SSPP #စစ်ကော်မရှင်တပ် #တိုက်ပွဲဖြစ်ပွား Post navigation ပုလဲမြို့နယ်တွင် စစ်ကော်မရှင်တပ်သားသစ် ၃ ဦး လက်နက်ခဲယမ်းများဖြင့် PDF ထံ အလင်းဝင် ညောင်လေးပင်တွင် ဖမ်းထားသည့် အရပ်သား ၃၀၀ ကျော်ကို PDF နှင့် KNLA ပူးပေါင်းတပ်များက စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ပြီး ကယ်ထုတ်ခဲ့ခြင်းဖြစ်