PSM (NEWS)

ဇွန် ၁၀၊ ၂၀၂၆

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်များ ခိုလှုံနေကြသည့်အနက် (၅,၅၀၀) ကျော်သည် အလုပ်အကိုင်များ ရရှိနေပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ထိုင်းအစိုးရက အလုပ်အကိုင် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ခြင်းကြောင့် ဒုက္ခသည်များ အလုပ်လုပ်ကိုင်ခွင့် ရရှိလာခြင်းဖြစ်သည်။

ဤလုပ်ဆောင်ချက်သည် အပြုသဘောဆောင်သည့် နမူနာတစ်ခု ဖြစ်သည်။ ဒေသတွင်းနိုင်ငံများအတွက် အတုယူစရာကောင်းကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

ဒုက္ခသည်များအနေဖြင့် ကိုယ်တိုင်ရပ်တည်နိုင်ရန် ဤအခွင့်အလမ်းက အထောက်အကူပြုသည့်အပြင် ထိုင်းနိုင်ငံ၏ လုပ်သားလိုအပ်ချက်ကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ရသည်။

ကိုးကားReuters

By Htet Ko