PSM(NEWS) မတ် ၉၊ ၂၀၂၆ အီရန်နိုင်ငံက ၎င်းတို့၏ သင်္ဘော (၃)စင်းကို အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်ပြုရန် တောင်းဆိုခဲ့ရာ အိန္ဒိယအစိုးရက မတ်လ ၁ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းမှာ “မှန်ကန်သည့်လုပ်ရပ်”ဖြစ်သည်ဟု ယုံကြည်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးကတနင်္လာနေ့တွင် ပြောကြားလိုက်သည်။ အဆိုပါ သင်္ဘော (၃) စင်း အနက် သင်္ဘော (၁) စင်းသည် မတ်လ ၄ရက်နေ့က အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကိုချီဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး၊ သင်္ဘောသားများမှာလည်း အိန္ဒိယရေတပ်၏ စခန်းတစ်ခုတွင် ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်ဂျိုင်ရှန်ကာက တနင်္လာနေ့တွင် လွှတ်တော်၌ ပြောကြားခဲ့သည်။ ကိုးကား Reuters #ကိုချီဆိပ်ကမ်း #အီရန်သင်္ဘော #အိန္ဒိယရေတပ် #ဆူဘရာမန်ယမ်ဂျိုင်ရှန်ကာ #ဆိပ်ကမ်း_ကပ်ခွင့်ပြု #PSM_News Post navigation ဂျပန်နိုင်ငံ ပထမဆုံးအကြိမ် ပြည်တွင်းထုတ် တာဝေးပစ်ဒုံးကျည်များ တပ်ဖြန့်ရန် ပြင်ဆင်နေ အာရှဒေသတွင်း ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေဟု ဝမ်ယိ ပြောကြား