PSM(News)

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆

ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဗင်နီဇွဲလားနိုင်ငံအတိုက်အခံ နိုင်ငံရေးသမား ဂျွန်ပလို ဂွာနီပါ (Juan Pablo Guanipa) ကို အကျဉ်းထဲကနေ လွတ်မြောက်ပြီးနောက် နာရီအနည်းငယ်အတွင်း ကာရာကပ်စ် (Caracas) မြို့တွင် လက်နက်ကိုင် အမျိုးသားများက ဖမ်းဆီးသွားခဲ့သည်။

၎င်း၏ သား ရာမွန် ဂွာနီပါ (Ramón Guanipa) က ဖခင်အား ဖမ်းဆီးသွားမှုကို “kidnapping” (ပြန်ပေးဆွဲမှု) ဟု ခေါ်ဆိုထားပြီး လူထုနှင့် မိသားစုဘက်က ၎င်း၏ ရှင်သန်နေမှုကို သက်သေပြရန်နှင့် လွတ်မြောက်ရေးကို တောင်းဆိုနေကြသည်။

အစိုးရဘက်ကလည်း အိမ်အကျဉ်းချထားရန် တရားရုံးခွင့်ပြုချက် တောင်းထားကြောင်း ထုတ်ပြန်ပြီး ၎င်းသည် ပြစ်မှုစစ်ဆေးမှုစနစ်ကို ကာကွယ်ရန်အတွက်ဖြစ်သည်ဟု ဖော်ပြထားသော်လည်း ဂွာနီပါ ၏ လွတ်မြောက်ခွင့်အခြေအနေ အသေးစိတ်ကို လက်ရှိအချိန်တွင် မဖော်ပြသေးသေးပါ။

ဂွာနီပါ သည် ဗင်နီဇွဲလား အတိုက်အခံအဖွဲ့နှင့် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး၊ နိုဘယ်ငြိမ်းချမ်ရေးဆုရှင် မာရီရာ ကိုရီနာ မာချာဒို María Corina Machado ၏ နီးကပ်အဖော်လည်း ဖြစ်သည်။ လက်နက်ကိုင် အမျိုးသားများဟု ဖော်ပြထားသည့် အဖွဲ့သည် တိတိကျကျသိရခြင်းမရှိသေးပေမယ့် အစိုးရနဲ့ ဆက်နွယ်မှုရှိနိုင်သည့် အဖွဲ့အစည်းဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

အမှုအပေါ် လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်လျက်ရှိပြီး ဂွာနီပါ ၏ ရှင်သန်မှုကို သက်သေပြရန်နှင့် လွတ်မြောက်ရေးကို တောင်းဆိုနေကြသည်။ ယခုဖြစ်ရပ်သည် ဗင်နီဇွဲလားနိုင်ငံ၏ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခြင်းနှင့် လူ့အခွင့်အရေး စိုးရိမ်မှုများ ဆက်လက်ရှိနေခြင်းကို ပြသနေပြီး နိုင်ငံတကာအာရုံစိုက်မှု ဖြစ်နေသည်။

ကိုးကား – ရိုက်တာ

ဓာတ်ပုံ – AP

#လူ့အခွင့်အရေးအဖွဲ့

#ဗင်နီဇွဲလား

#အတိုက်အခံ_နိုင်ငံရေးသမား

#ပြန်လည်ဖမ်းဆီးခံရ

#ဂျွန်ပလိုဂွာနီပါ

#PSM_News

By Htet Ko