PSM (NEWS) ဇူလိုင် ၁၊ ၂၀၂၆ အမေရိကန်သံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် သမ္မတ ဒေါ်နယ်ထရမ့်၏ သမက်ဖြစ်သူ ဂျရတ်ကုရှ်နာတို့သည် အမေရိကန်-အီရန် ညှိနှိုင်းမှုများအား ဆွေးနွေးရန်အတွက် ကာတာနိုင်ငံရှိ ကြားဝင်စေ့စပ်သူများနှင့် တွေ့ဆုံရန် ဒိုဟာမြို့သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ သို့သော်လည်း ဝါရှင်တန်နှင့် တီဟီရန်တို့အကြား အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှု ရှိလာမည်မဟုတ်ကြောင်း မာဂျက် အယ်လ် အန်ဆာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် အီရန်နိုင်ငံ၏ ငွေကြေးပိုင်ဆိုင်မှု ဒေါ်လာ ၆ ဘီလီယံအား တီဟီရန်သို့ လွှဲပြောင်းပေးထားခြင်း မရှိသေးကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဒိုဟာမြို့သည် ဟော်မုဇ်ရေလက်ကြား၏ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိသည့် အိုမန်နိုင်ငံနှင့် ပူးပေါင်း၍ သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ကိုးကား-Reuters Post navigation တောင်အာဖရိကတွင် ရွှေ့ပြောင်းနေထိုင်သူဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်ပွား ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ထွက်ခွာနိုင်ခဲ့သည့် အီရတ်၏ ရေနံစည်ပေါင်း ၁၄ သန်း