PSM(NEWS)

မေ ၁၄၊ ၂၀၂၆

ဖလော်ရီဒါပြည်နယ်ရှိ “Alligator Alcatraz” ဟု လူသိများသည့် အငြင်းပွားဖွယ်ရာ ဗဟိုအစိုးရ၏ ရွှေ့ပြောင်းနေထိုင်သူ ထိန်းသိမ်းရေးစခန်းကို ပိတ်သိမ်းရန် ဖလော်ရီဒါပြည်နယ်က ရည်ရွယ်ထားကြောင်း New York Times သတင်းဌာနက မေလ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းဖော်ပြချက်အရ ထိန်းသိမ်းရေးစခန်းရှိသူများကို ဇွန်လအစောပိုင်းတွင် ပြောင်းရွှေ့ပေးရမည်ဖြစ်ပြီး စခန်းတစ်ခုလုံးကို ရက်သတ္တပတ် အနည်းငယ်အတွင်း ဖျက်သိမ်းသွားမည်ဖြစ်သည်။ ယင်းစခန်းတွင် ပျမ်းမျှအားဖြင့် ထိန်းသိမ်းခံရသူ ၁,၄၀၀ ခန့်ရှိပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စခန်းတွင်း နေထိုင်မှု အခြေအနေ ဆိုးရွားခြင်း၊ ဆေးဝါးကုသခွင့် မရရှိခြင်းနှင့် အလွန်ဝေးလံသော နေရာတွင် ရှိနေခြင်းတို့ကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

သမ္မတ ဒေါ်နယ် ထရမ့် လက်ထက်တွင် ဖွင့်လှစ်ခဲ့သည့် အဆိုပါစခန်းသည် မိုင်ယာမီမြို့၏ အနောက်ဘက် ၃၇ မိုင်အကွာရှိ မိကျောင်းများ ပေါများသည့် ရွှံ့နွံတောဒေသတွင် တည်ရှိခြင်းဖြစ်သည်။

ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ကမူ စခန်းပိတ်သိမ်းရန် ပြည်နယ်အစိုးရအပေါ် ဖိအားပေးနေသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *