PSM (News) စက်တင်ဘာ ၉၊၂၀၂၆ စက်တင်ဘာလ ၇ ရက်နေ့က အနောက်ဖက်ကမ်းဒေသတွင် အစ္စရေးစစ်တပ်နှင့် လက်ယာစွန်း အစ္စရေးကျူးကျော်သူများ၏ ဝင်ရောက်စီးနင်းမှုများကြောင့် ပါလက်စတိုင်း ၂ ဦး သေဆုံးခဲ့ပြီး အစ္စရေးနိုင်ငံသား ၁ ဦး ဓားဖြင့်ထိုးခံရကာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ ဖိအားပေးမှုကြောင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တရားမဝင် ရွှေ့ပြောင်းအခြေချစခန်းအချို့ကို ဖျက်သိမ်းရန် အမိန့်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ အကြမ်းဖက်မှုများ ထပ်မံပေါက်ကွဲလာခြင်းဖြစ်သည်။ မြောက်ပိုင်း အနောက်ဖက်ကမ်းဒေသရှိ ဟားဂျာ (Hajja) ရွာသို့ လက်နက်ကိုင် အစ္စရေးအခြေချနေထိုင်သူများ ဝင်ရောက်စီးနင်းချိန်တွင် အစ္စရေးစစ်တပ်ပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး သေဆုံးခဲ့ပြီး အခြားသူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် သီးခြားဖြစ်ရပ်တစ်ခုအနေဖြင့် ကုစ်ထ်ရာ (Qusra) ရွာအနီးရှိ ကျူးကျော်စခန်းတစ်ခုအတွင်းသို့ ဝင်ရောက်လာသော ပါလက်စတိုင်းတစ်ဦးက အစ္စရေးနိုင်ငံသားတစ်ဦးကို ဓားဖြင့်ထိုးခဲ့သဖြင့် အစ္စရေးတပ်ဖွဲ့များက ၎င်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းကမူ အဆိုပါ အခြေချစခန်းများအားလုံးသည် နိုင်ငံတကာဥပဒေအရ တရားမဝင်ကြောင်း ဆက်လက်ထောက်ပြထားကြသည်။ ကိုးကား-Reuters Post navigation ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ လိမ်လည်မှုဂိုဏ်းဗဟိုဌာနတွင် ရဲစခန်းတုနှင့် ခွဲစိတ်ခန်းပါ ဆေးရုံတုကို စစ်ဆေးတွေ့ရှိ ဟူသီသူပုန်တို့၏ တိုက်ခိုက်မှုကြောင့် ဆော်ဒီစွမ်းအင်ဆိုင်ရာ အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး လူ ၇၃ ဦး ဒဏ်ရာရရှိ