PSM(NEWS)

ဧပြီ ၉၊ ၂၀၂၆

ထိုင်းနိုင်ငံကို ကမ္ဘာ့ဆီမီးကွန်ဒတ်တာ(Semiconductor)နှင့် အလင်းသုံးနည်းပညာ (Photonics) ဈေးကွက်အတွင်း အဆင့်မြင့်ကဏ္ဍသို့ ရောက်ရှိစေရန်အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ဒုတိယဝန်ကြီးချုပ် ယော့ချနန် ဝေါင်းဆာဝပ် နှင့် Lumentum ကုမ္ပဏီစီအီးအို မိုက်ကယ်ဟာလ်စတန်တို့သည် ဘန်ကောက်မြို့တွင် တွေ့ဆုံကာ AI နှင့် ဒေတာစင်တာများအတွက် လိုအပ်သည့် နည်းပညာများတွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။

Lumentum စီအီးအိုက ထိုင်းနိုင်ငံ၏ အလားအလာအပေါ် ယုံကြည်မှုရှိကြောင်းနှင့် နည်းပညာမြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ကိုးကား Khaosod

By Htet Ko