PSM(NEWS) ဧပြီ ၉၊၂၀၂၆ သမ္မတ ဒေါ်နယ်ထရမ့်က နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီပြီးနောက်၊စစ်ဝန်ကြီးဌာန ဝန်ကြီး ပီတီဟက်ဂ်ဆက် က အီရန်နိုင်ငံတွင်“ပြတ်သားသော စစ်ရေးအောင်ပွဲ” ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။ ပန်တဂွန်စစ်ဌာနချုပ်၌ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ဟက်ဂ်ဆက်ကစစ်ဝန်ကြီးဌာနအနေဖြင့်အီရန်၏စစ်ရေးစွမ်းဆောင်ရည်များကိုအောင်မြင်စွာချေမှုန်းနိုင်ခဲ့ကြောင်းသတင်းထောက်များကို ပြောကြားခဲ့သည်။ “ဒီကနေ့မနက်ဟာကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နေ့ထူးနေ့မြတ်ပါပဲ။ ‘Operation Epic Fury’ ဟာ စစ်မြေပြင်မှာသမိုင်းဝင်ပြီးအပြတ်အသတ် အောင်ပွဲရခဲ့ပါတယ်” ဟု ဟက်ဂ်ဆက်က ဆိုသည်။ ၎င်း၏ ပြောကြားချက်အရ ရက်ပေါင်း၄၀မပြည့်မီအချိန်အတွင်းအမေရိကန်၏စုစုပေါင်းစစ်အင်အား ၁၀ ရာခိုင်နှုန်းအောက်ကိုသာ အသုံးပြု၍အီရန်စစ်တပ်ကိုအလယ်ပိုင်းစစ်ဌာနချုပ်ကဖြိုခွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ “ကမ္ဘာ့အကြီးဆုံး အကြမ်းဖက်မှုအားပေးထောက်ခံတဲ့ နိုင်ငံဟာ သူတို့ရဲ့ ပြည်သူနဲ့ နယ်မြေကို ကာကွယ်ဖို့ လုံးဝမစွမ်းဆောင်နိုင်တာ သက်သေပြသွားခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ကိုးကား Fox News Post navigation အမေရိကန်နှင့် အီရန် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူ၊ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်မည် ဆီမီးကွန်ဒတ်တာနှင့် ဖိုတွန်းနစ်ကဏ္ဍတွင် ထိုင်းနိုင်ငံ အဓိကနေရာမှ ပါဝင်ရန် ရည်မှန်း