PSM(NEWS) ဧပြီ ၉၊ ၂၀၂၆ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်နိုင်ငံနှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန်သဘောတူညီမှု ရရှိခဲ့ကြောင်းဧပြီ၉ရက်နေ့က ကြေညာလိုက်သည်။ အဆိုပါ သဘောတူညီချက်သည် ဟော်မုဇ် ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးအပေါ် မူတည်နေကြောင်း သိရသည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အမေရိကန်က အီရန်အပေါ်ဗုံးကြဲတိုက်ခိုက်မှုများကို ၂ ပတ်ကြာရပ်နားထားမည် ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့တွင် ဧပြီလ ၁၀ရက်နေ့၌ဆွေးနွေးပွဲများ စတင်ရန် စီစဉ်ထားသည်။ စီးပွားရေးပိတ်ဆို့မှုအရအီရန်ထံ လက်နက်ထောက်ပံ့သည့်မည်သည့်နိုင်ငံမဆို၅၀ရာခိုင်နှုန်းအကောက်ခွန်တိုးမြှင့်ရိုက်ခံရမည်ဟုသမ္မတထရမ့်ကသတိပေးထားသည်။ အပစ်အခတ်ရပ်စဲရေးသတင်းကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများ သိသိသာသာပြန်လည် ကျဆင်းသွားသည်။ ကိုးကား Reuters Post navigation အီရန်နိုင်ငံ ခါ့ဂ်ကျွန်းရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို အမေရိကန် တိုက်ခိုက်ကြောင်း အမေရိကန် အရာရှိတစ်ဦး ပြောကြား အမေရိကန်က အီရန်တွင် ‘အပြတ်အသတ် အောင်ပွဲရရှိခဲ့’ ဟု ဟက်ဂ်ဆက်ပြောကြား