PSM(NEWS) မေ ၈၊၂၀၂၆ ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသော ရိဒ်ဘန့်ခ်အနီးတွင် တရုတ်နိုင်ငံက ခွင့်ပြုချက်မရှိဘဲ ရေကြောင်းသုတေသနလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က မေလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ မေလ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ကင်းလှည့်မှုတွင် အိုင်ရိုကွိုက်သန္တာကျောက်တန်း အနီး၌ တရုတ်သုတေသနသင်္ဘော ရှန့်ယန်ဟုန်း ၃၃ (Xiang Yang Hong 33)နှင့်အတူတရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတစ်စီးနှင့် ပြည်သူ့စစ်သင်္ဘော ၁၃ စီးတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ရပ်သည် ဖိလစ်ပိုင်၏ အချုပ်အခြာအာဏာကို ထိပါးရုံသာမက ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) ကိုလည်း ချိုးဖောက်နေကြောင်း ဖိလစ်ပိုင်ဘက်က တုံ့ပြန်ထားသည်။ သို့သော်လည်း မနီလာမြို့ရှိ တရုတ်သံရုံးကမူ အဆိုပါရေပြင်ကို ၎င်းတို့၏ စီရင်ပိုင်ခွင့်ရှိသော နေရာအဖြစ် သတ်မှတ်ထားပြီး ယခုလုပ်ဆောင်ချက်များသည် နိုင်ငံတကာဥပဒေနှင့်အညီ ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းများသာဖြစ်ကြောင်း ငြင်းဆိုထားသည်။ ကိုးကား-Reuters Post navigation အမေရိကန်-အီရန် စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားတွင် ပြင်သစ် CMA CGM သင်္ဘော တိုက်ခိုက်ခံရ စစ်အုပ်ချုပ်ရေးကြေညာမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဟန်ဒပ်ဆူကို အယူခံတရားရုံးက ထောင်ဒဏ် (၁၅) နှစ်သို့ လျှော့ပေါ့ပြစ်ဒဏ်ချမှတ်