PSM (NEWS)

ဖေဖော်ဝါရီ ၇၊ ၂၀၂၆

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့ရှိ ရှီယိုက်ဗလီဝတ်ကျောင်းတော်တစ်ခုတွင် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ခုဖြစ်ပွားရာ လူ ၃၁ ဦး သေဆုံးပြီး အနည်းဆုံး ၁၆၉ ဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက သိရသည်။

နိုင်ငံတစ်ဝန်း လက်နက်ကိုင်တိုက်ခိုက်မှုများ မြင့်တက်လာမှုကို အနောက်အုပ်စုနှင့် မဟာမိတ်ပြုထားသော ပါကစ္စတန်အစိုးရက ထိန်းချုပ်ရန် ကြိုးပမ်းနေရချိန်တွင် မြို့တော်၌ ယခုကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခြင်း သည် ခဲယဉ်းသော ဖြစ်ရပ်တစ်ခုအနေဖြင့် သတ်မှတ်နိုင်သည်။

ရုပ်သံမှတ်တမ်းများနှင့် လူမှုကွန်ရက်ပေါ်ရှိ ပုံရိပ်များအရ ရဲတပ်ဖွဲ့နှင့် ဒေသခံများသည် ဒဏ်ရာရရှိသူများအား အနီးနားရှိ ဆေးရုံများသို့ ပို့ဆောင်ပေးနေကြသည်။ ခါဒီဂျာ အယ်လ်ကူဘရာဗလီဝတ်ကျောင်းတော်အတွင်း တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူအချို့ကို စိုးရိမ်ရသည့်အခြေအနေတွင် သယ်ယူဆောင်ရွက်နေကြောင်း သိရသည်။

မျက်မြင်သက်သေများအရ – ဗလီဝတ်ကျောင်းတော်၏ ကော်ဇောခင်းထဲတွင် သေဆုံးသူများနှင့် ဒဏ်ရာရသူများ ပြန့်ကျဲနေသည့် မြင်ကွင်းကို တွေ့မြင်ရကြောင်း ဆိုသည်။ သက်သေတစ်ဦးဖြစ်သူ ဟူစိန် ရှာက “ဗလီဝတ်ကျောင်းတော်တွင် ဝတ်ပြုနေစဉ် ရုတ်တရက် ကြီးမားသော ပေါက်ကွဲသံကြီး ကြားလိုက်ရသည်” ဟု ပြောသည်။

သူကထပ်မံပြောကြားချက်အရ သေဆုံးသူအလောင်း ၃၀ ခန့် ကို ရေတွက်နိုင်ပြီး ဒဏ်ရာရသူအရေအတွက်မှာ ထိုထက် ပိုမိုများနိုင်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကလည်း တာဝန်ရှိသည်ဟု ထုတ်ဖော်မပြောသေးသော်လည်း ရှီယိုက်ဝတ်ပြုသူများကို ရှေ့မူကာတိုက်ခိုက်ခဲ့ဖူးသည့် အိုင်အက်စ် (IS) သို့မဟုတ် ပါကစ္စတန် တာလီဘန်ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များ ဖြစ်နိုင်ကြောင်း အနည်းဆုံး သတ်မှတ်ထားသည်။

ပါကစ္စတန်တစ်ဝန်းရှိ လက်နက်ကိုင်အုပ်စုများသည် လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သားများကို မကြာခဏ ပစ်မှတ်ထား၍ တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

ကိုးကား – AP

#ပါကစ္စတန်

#ရှီယိုက်ဗလီဝတ်ကျောင်း

#ဗုံးခွဲတိုက်ခိုက်မှု

#လုံခြုံရေး

#ဒဏ်ရာရသူများ

By Htet Ko