PSM(NEWS) ဧပြီ ၆၊ ၂၀၂၆ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့ရှိ ရေနံဓာတုစက်ရုံများကိုတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ အီရန်နိုင်ငံအတွင်းရှိ အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာပါက အမေရိကန်၏ စီးပွားရေး အကျိုးစီးပွားများအပေါ် ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း IRGC က ထုတ်ပြန်ချက်တွင် သတိပေးထားသည်။ အခြားတစ်ဖက်တွင်လည်း အီရန်ပဋိပက္ခအား လျှော့ချရန် ကြိုးပမ်းမှုများ အောင်မြင်လာမည်ဟုမျှော်လင့်ကြောင်း ရုရှားနိုင်ငံက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် “နောက်ဆုံး သတိပေးချက်ပေးသည့် ပုံစံမျိုးဖြင့် ပြောဆိုဆက်ဆံခြင်းများကို စွန့်လွှတ်ကာ ဆွေးနွေးပွဲလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြင့်” အခြေအနေကို ပိုမိုကောင်းမွန်အောင် ကူညီပေးနိုင်လိမ့်မည်ဟု ရုရှားက ဆိုသည်။ ကိုးကား Reuters Post navigation ဟော်မုဇ် ရေလက်ကြားကို အီရတ်ရေနံ တင်ဆောင်လာသည့် Petronas ငှားရမ်း သင်္ဘောဖြတ်သန်း အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များအပေါ် အီရန်က တုံ့ပြန်မှုများပြင်ဆင်ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား