PSM(NEWS)

ဧပြီ ၆ ၊ ၂၀၂၆

အာဇော့ဗ်ပင်လယ်အတွင်း ဂျုံများတင်ဆောင်လာသည့် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း ရုရှားကခန့်အပ်ထားသည့် တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် တယ်လီဂရမ် လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၊ ခါဆန်ဒေသ ၏ ရုရှားထိန်းချုပ်ရာ နယ်မြေများတွင် မော်စကိုက ခန့်အပ်ထားသည့် ခေါင်းဆောင် ဗလာဒီမာ ဆယ်လ်ဒို ၏ ပြောကြားချက်အရ သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ရုရှားနိုင်ငံသား သင်္ဘောသားကိုးဦးကို ကမ်းခြေတွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ သင်္ဘောကပ္ပတိန်၏ လက်ထောက်တစ်ဦးဖြစ်ပြီး ကျန်ရှိသည့် လူနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆယ်လ်ဒိုကဆိုသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *