PSM(NEWS) ဧပြီ ၆၊ ၂၀၂၆ ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် အာဏာစက်ဖြန့်ကျက်ခြင်း၊နယ်မြေသိမ်းပိုက်ခြင်း သို့မဟုတ် လွှမ်းမိုးချုပ်ကိုင်ခြင်းဆိုင်ရာအစီအမံများကို စွန့်လွှတ်ကြရန် ပုပ်ရဟန်းမင်းကြီး လီယိုက ဧပြီ ၅ ရက်တနင်္ဂနွေနေ့တွင်ကျရောက်သည့် အီစတာသတင်းစကား၌ ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းလိုက်သည်။ အီရန်စစ်ပွဲအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောကြားလေ့ရှိသူ ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင်တွင် စုဝေးရောက်ရှိနေကြသော ထောင်ပေါင်းများစွာသော လူထုအား ပြောကြားသည့် အထူးသတင်းစကားတွင် လူသားတို့သည်“အကြမ်းဖက်မှုများကို ယဉ်ပါးလာကြပြီး၊ ယင်းအခြေအနေကိုသာ လက်ခံကာ လျစ်လျူရှုလာကြသည်” ဟု ပြောဆိုခဲ့သည်။ “လက်နက် ကိုင်ဆောင်ထားသူတွေ အားလုံးလက်နက်ချကြပါ၊ စစ်ပွဲတွေကိုဖန်တီးနိုင်တဲ့ အာဏာရှိသူတွေ ငြိမ်းချမ်းရေးကိုရွေးချယ်ကြပါ ”ဟု ပထမဆုံးသော အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း နှိုးဆော်ခဲ့သည်။ ကိုးကား CNA Post navigation အမေရိကန်၏ ၄၈ နာရီ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို တီဟီရန် ပယ်ချဟု အီရန်မီဒီယာများ ဖော်ပြ အာဇော့ဗ်ပင်လယ်အတွင်း ဂျုံတင်ဆောင်လာသည့် ကုန်တင်သင်္ဘော တစ်စင်းနစ်မြုပ်၊ တစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေ