PSM(NEWS)

ဧပြီ၅၊၂၀၂၆

အမေရိကန်ပြည်ထောင်စု၏ ၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကိုတီဟီရန်အစိုးရက ပယ်ချလိုက်ကြောင်းအမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ အီရန်နိုင်ငံပိုင် Fars သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ အဆိုပြုချက်ကိုပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် အမည်မဖော်လိုသည့် အခြားနိုင်ငံတစ်ခုမှတစ်ဆင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဤကိစ္စနှင့်ပတ်သက်၍ အမေရိကန်ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းသို့မဟုတ် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

ကိုးကား Reuters

By Htet Ko