PSM (NEWS)

ဧပြီ ၅၊၂၀၂၆

ထရမ့်အစိုးရက အီရန်၏ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးခဲ့ပြီးနောက် အီရန်ရေနံဝယ်ယူမှုကို အိန္ဒိယ အတည်ပြုခဲ့သည်။

“အိန္ဒိယ ရေနံချက်စက်ရုံတွေဟာ အီရန်အပါအဝင်လိုအပ်တဲ့ ရေနံစိမ်းတွေကို ရရှိဖို့သေချာအောင် ဆောင်ရွက်ပြီးပါပြီ။ အီရန်ရေနံစိမ်း တင်သွင်းမှုအတွက်ငွေပေးချေမှုပိုင်းမှာလည်း အခက်အခဲ မရှိပါဘူး” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက အမေရိကန်အစိုးရသည် ပင်လယ်ပြင်ရှိ ရေနံတင်သင်္ဘောများပေါ်တွင် ပိတ်မိနေသည့် အီရန်ရေနံများအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ဧပြီလ၁၉ရက်နေ့အထိ ခေတ္တရပ်ဆိုင်းပေးခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်မှာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် မြင့်တက်လာသည့် စွမ်းအင်ဈေးနှုန်းများကို ထိန်းချုပ်ရန် ဝါရှင်တန်၏ ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။

ကိုးကား AP

By Htet Ko