PSM(NEWS)

ဧပြီ ၅ ၊ ၂၀၂၆

အာတဲမစ်၂စီမံကိန်းဖြင့် လကမ္ဘာအနီးမှ ပျံသန်းဖြတ်သန်းရန် ထွက်ခွာလာသည့် အာကာသယာဉ်မှူးများသည် စနေနေ့တွင် ကမ္ဘာနှင့်လအကြား တစ်ဝက်ခရီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အမေရိကန် အမျိုးသားအာကာသနှင့်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့ (NASA) သည် အိုရိုင်ယွန်အာကာသယာဉ်အတွင်းမှ ရိုက်ကူးထားသည့် ကမ္ဘာမြေ၏ ပထမဆုံးပုံရိပ်များကိုလည်း ထုတ်ပြန်ခဲ့သည်။

NASA၏ အွန်လိုင်းအချက်အလက်ပြ မြေပုံ (Dashboard) ဖော်ပြချက်အရ အာကာသယာဉ်မှူးများ လိုက်ပါလာသည့် အိုရိုင်ယွန် အာကာသယာဉ်သည် စနေနေ့နံနက်ပိုင်းတွင် ကမ္ဘာမြေမှ ကီလိုမီတာ ၂၂၉,၀၀၀ ကျော် (မိုင်ပေါင်း ၁၄၂,၀၀၀ခန့်) အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကိုးကား DW

By Htet Ko

You missed