PSM(NEWS)

ဧပြီ၄၊၂၀၂၆

အီရန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အမေရိကန် တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး အနည်းဆုံး လေသူရဲတစ်ဦး လေထီးဖြင့် ခုန်ထွက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ပြောကြားခဲ့ပြီးနောက် အမေရိကန်စစ်တပ်က သောကြာနေ့တွင် ကယ်ဆယ်ရေးစစ်ဆင်ရေးတစ်ခု စတင်ခဲ့သည်။

အမေရိကန်၏ ကြေညာချက်မတိုင်မီ အမည်မဖော်လိုသည့် အစ္စရေးစစ်ဘက်အရာရှိတစ်ဦး၏ အဆိုအရ၊ အစ္စရေးသည် ကယ်ဆယ်ရေးလုပ်ငန်းတွင် အမေရိကန်အား ကူညီပေးနေသည်။

လူမှုကွန်ရက်ပေါ်ရှိရုပ်သံဖိုင်များတွင် အီရန်ရုပ်သံလိုင်းက လေသူရဲတစ်ဦးလေထီးဖြင့် ခုန်ထွက်ခဲ့သည်ဟု ပြောကြားခဲ့သည့် တောင်တန်းဒေသပေါ်တွင် အမေရိကန်ဒရုန်းများ၊ လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပျံသန်းနေသည်ကို တွေ့ရသည်။

ယခုဖြစ်စဉ်သည် လွန်ခဲ့သောငါးပတ်က စတင်ခဲ့သော စစ်ပွဲအတွင်း အမေရိကန်က အီရန်ပိုင်နက်အတွင်း လေယာဉ် ပထမဆုံးအကြိမ် ဆုံးရှုံးရခြင်းဖြစ်ပြီး၊စစ်ပွဲကို ပြင်းထန်သော အရှိန်မြှင့်တင်မှုတစ်ရပ် ဖြစ်လာစေသည်။

တိုက်လေယာဉ်မှာ ပစ်ချခံရခြင်းလား သို့မဟုတ် ပျက်ကျခြင်းလား ဆိုသည်ကို မရှင်းလင်းသေးသလို၊ လေယာဉ်ပေါ်ပါ လေသူရဲအရေအတွက်ကိုလည်း မသိရသေးပေ။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လီဗစ်က သမ္မတ ဒေါ်နယ်ထရမ့်အား အခြေအနေကို တင်ပြထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက်များကို ထည့်သွင်းပြောကြားခြင်း မရှိပေ။

ပင်တဂွန်နှင့် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်တို့က မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းနှင့် ဆက်နွှယ်နေသော ရုပ်သံလိုင်းတစ်ခု၏ တင်ဆက်သူတစ်ဦးက “ရန်သူ့လေသူရဲ”ကို တွေ့ရှိပါက ရဲတပ်ဖွဲ့ထံ အပ်နှံရန် ဒေသခံများအား တိုက်တွန်းခဲ့ပြီး၊ အပ်နှံသူအား ဆုလာဘ်ပေးမည်ဟု ကတိပြုခဲ့သည်။

အဆိုပါ‌နေရာသည် ဧရိယာစတုရန်း ကီလိုမီတာ ၁၅,၅၀၀ကျော် (၅,၉၀၀စတုရန်းမိုင်) ကျယ်ဝန်းပြီး တောင်တန်းထူထပ်သော ကော့ခီလိုယေးနှင့် ဘိုယာ-အာမက်ပြည်နယ်တွင် တည်ရှိသည်။

အာဏာပိုင်များကလည်း အိမ်နီးချင်း ချက်ဟာမာဟယ်နှင့် ဘတ်ခ်တိုင်ယာရီပြည်နယ်များတွင် လေသူရဲအား ရှာဖွေကြရန် ပြည်သူများကိုတိုက်တွန်းထားသည်။

စစ်ပွဲတစ်လျှောက်လုံးတွင်၊ အီရန်သည် ရန်သူ့တိုက်လေယာဉ်များကို ပစ်ချခဲ့သည်ဟု အကြိမ်ကြိမ် ပြောကြားခဲ့သော်လည်း မှန်ကန်ခြင်းမရှိကြောင်းနောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည်။ သောကြာနေ့သည် အီရန်က ပျက်ကျသည်ဟု ယူဆရသော လေသူရဲအားရှာဖွေရန်ပြည်သူများကိုရုပ်သံမှတစ်ဆင့်တိုက်တွန်းခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

အစောပိုင်းတွင် ရုပ်သံမျက်နှာပြင်တွင် “တွေ့ရင် ပစ်သတ်ပါ” ဟု စာတန်းထိုးကာ ဒေသတွင်း၌ အမေရိကန်လေယာဉ်များဟု ယူဆရသည့် ဗီဒီယိုဖိုင်များကို ရည်ညွှန်းပြောကြားခဲ့သည်။

ရုပ်သံလိုင်းက ထရပ်ကားနောက်ခန်းတွင် တင်ဆောင်ထားသော သတ္တုအပိုင်းအစများကို ပြသခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက်များကို ပြောကြားခြင်းမရှိပေ။

ကိုးကား AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *