PSM (NEWS)

ဇူလိုင် ၄၊၂၀၂၆

​အာဂျင်တီးနားအသင်းသည် ကိပ်ဗာဒီအသင်းကို အချိန်ပိုတွင် ၃-၂ ဂိုးဖြင့် အနိုင်ရရှိကာ ကမ္ဘာ့ဖလား နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

​ပွဲချိန်အတွင်း လီယွန်နယ် မက်ဆီက ဦးဆောင်ဂိုးသွင်းယူပေးခဲ့သော်လည်း ကိပ်ဗာဒီအသင်းက ပြန်လည်ချေပနိုင်ခဲ့သည်။ အချိန်ပိုတွင် လီဆန်ဒရို မာတီနက်ဇ်က အာဂျင်တီးနားအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့သော်လည်း ဆစ်နီ လိုပက်စ် ကာဘရယ်က အံ့အားသင့်ဖွယ် ဂိုးဖြင့် ထပ်မံချေပခဲ့ပြန်သည်။

နောက်ဆုံးတွင် ခရစ်တီယန် ရိုမဲရိုး၏ ခေါင်းတိုက်ချက်မှတစ်ဆင့် ဘောလုံးသည် ကိပ်ဗာဒီနောက်ခံလူ ဒိုင်နီ၏ ကိုယ်တိုင်ဂိုးအဖြစ် ဝင်သွားခဲ့ပြီး အာဂျင်တီးနားတို့ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

​အာဂျင်တီးနားအသင်းသည် နောက်တစ်ဆင့်တွင် အီဂျစ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed