PSM(NEWS) ဧပြီ ၄၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ၎င်း၏ ရှေ့နေချုပ် ပမ် ဘွန်ဒီ ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။ ဂျက်ဖရီ အက်ပ်စတိန်း အရှုပ်တော်ပုံ ဖိုင်တွဲများအား ကိုင်တွယ်မှု အလွဲလွဲအချော်ချော် ဖြစ်ခဲ့ခြင်းနှင့် နိုင်ငံရေးပြိုင်ဘက်များအပေါ် တရားစွဲဆိုရန်ပျက်ကွက်ခြင်းတို့ကြောင့်သမ္မတကစိတ်ပျက်ခဲ့ပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်သည်ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့နံနက်ပိုင်းကတရားလွှတ်တော်ချုပ်သို့ သွားရောက်သည့် လမ်းခရီးတွင်သမ္မတစီးတော်ယာဉ်အတွင်း၌ ပမ် ဘွန်ဒီ အား “အချိန်တန်ပြီလို့ ထင်တယ်” ဟု ဆိုကာ ရာထူးမှ နုတ်ထွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ ပမ်ဘွန်ဒီသည်ယခုလကုန်အထိသာတာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ၎င်း၏နေရာတွင်ဒုတိယရှေ့နေချုပ်တွဒ်ဘလန့်ရှ်ကယာယီရှေ့နေချုပ်အဖြစ် ဆက်ခံမည်ဖြစ်သည်။ ပမ်ဘွန်ဒီ၏တရားရေးဌာနခေါင်းဆောင်မှုသက်တမ်းအတွင်းအငြင်းပွားဖွယ်ရာများစွာကြုံတွေ့ခဲ့ရသည်။ အက်ပ်စတိန်း၏ ဖောက်သည်စာရင်းရှိသည်ဟု အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ထိုစာရင်းမှာ မရှိကြောင်း တရားရေးဌာနက ဝန်ခံခဲ့သဖြင့် သမ္မတ၏ ထောက်ခံသူများအကြား ဒေါသထွက်စေခဲ့သည်။ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမီနှင့် နယူးယောက်ပြည်နယ် ရှေ့နေချုပ် လက်တီတီးယား ဂျိမ်းစ်တို့အပေါ် တရားစွဲဆိုရန် ကြိုးပမ်းမှုများမှာအထောက်အထား ခိုင်လုံမှုမရှိဘဲ ပျက်ပြယ်ခဲ့သည်။ တရားရေးဌာနနှင့် ပတ်သက်၍ အပြုသဘောဆောင်သော သတင်းများ မရှိခြင်းအပေါ် သမ္မတက အလွန်အမင်း စိတ်ပျက်ခဲ့သည်။ ပမ်ဘွန်ဒီသည် သမ္မတ၏ဒုတိယသက်တမ်းအတွင်းထုတ်ပယ်ခံရသည့် ဒုတိယမြောက် ဝန်ကြီးအဖွဲ့ဝင် ဖြစ်လာသည်။ ပြီးခဲ့သည့်လက ပြည်တွင်းလုံခြုံရေးဝန်ကြီး ခရစ္စတီ နုမ်းလည်းရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ဒီမိုကရက်တစ်အမတ် ဂျေမီရပ်စကင်က “ပမ်ဘွန်ဒီ”ဟာ တရားဥပဒေစိုးမိုးရေးယန္တရားကို တရားမျှတမှုအတွက် အသုံးမချဘဲ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း နိုင်ငံရေးလက်စားချေမှုတွေ အတွက်သာ အသုံးချခဲ့တယ်”ဟု ဝေဖန်ပြောကြားခဲ့သည်။ ရှေ့နေချုပ်သစ်အဖြစ် အမြဲတမ်းခန့်အပ်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ အကြီးအကဲ လီဇဲလ်ဒင်နှင့် အစိုးရရှေ့နေဂျင်းနင်း ပီရို တို့ကို လျာထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ကိုးကား The Independent Post navigation ယူကရိန်းတွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံး၊ အီစတာပွဲတော် အပစ်အခတ် ရပ်စဲရေးအတွက် ကိဗ်ဘက်မှ လမ်းဖွင့်ထား အီရန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အမေရိကန် တိုက်လေယာဉ် ပျက်ကျ၊ကယ်ဆယ်ရေး လုပ်ငန်းများ စတင်