PSM(NEWS) ဧပြီ ၄၊၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည်အီရန်ပဋိပက္ခကို“ဂိမ်းရှိုးတစ်ခု” ကဲ့သို့ သဘောထားနေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲက စွပ်စွဲလိုက်သည်။ အမေရိကန်စစ်တပ်သည်အီရန်နိုင်ငံအတွင်းရှိအရပ်ဘက်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အီရန်အား “ကျောက်ခေတ်သို့ ပြန်ရောက်သွားအောင်ဗုံးကြဲမည်” ဟုခြိမ်းခြောက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလက်ထောက်အတွင်းရေးမှူးချုပ် တွမ်ဖလက်ချာ က အမေရိကန်သမ္မတသည် တံတားများကို ဗုံးကြဲခြင်းနှင့် အီရန်၏အခြေခံအဆောက်အအုံများကို ထပ်မံတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခြင်းတို့ဖြင့်စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။ “စစ်ပွဲဆိုတာဂိမ်းရှိုးတစ်ခုမဟုတ်သလို၊ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုတာလည်းအိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတစ်ခုမဟုတ်ပါဘူး။ကမ္ဘာကြီးဟာလောင်းကစားရုံတစ်ခုမဟုတ်ပါဘူး။”ဟုဘီဘီစီနှင့် အင်တာဗျူးတွင်တွမ်ဖလက်ချာကပြောကြားခဲ့သည်။ ၎င်းကဆေးရုံ၊ကျောင်း၊စွမ်းအင်အရင်းအမြစ်နှင့်တံတားများကဲ့သို့သောအရပ်ဘက်အခြေခံအဆောက်အအုံများကိုတိုက်ခိုက်ခြင်းသည်နိုင်ငံတကာဥပဒေအရစစ်ရာဇဝတ်မှုဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ဒေါ်နယ်ထရမ့်ကမူ ၎င်း၏ Truth Socialလူမှုကွန်ရက်စာမျက်နှာတွင်အမေရိကန်စစ်တပ်သည်အီရန်ရှိ ကျန်ရှိနေသေးသောအဆောက်အအုံများကိုဖျက်ဆီးရန်မစတင်ရသေးကြောင်းနှင့်နောက်တစ်ဆင့်အနေဖြင့်တံတားများနှင့်လျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုပစ်မှတ်ထားမည်ဖြစ်ကြောင်းရေးသားခဲ့သည်။ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်၁၀၀ကျော်ကလည်းအမေရိကန်၊ အစ္စရေးနှင့်အီရန်တို့၏လုပ်ရပ်များသည်နိုင်ငံတကာဥပဒေကိုပြင်းထန်စွာချိုးဖောက်နေခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်ဖြင့် စိုးရိမ်တကြီးထောက်ပြထားသည်။ ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အီဗက်ကူးပါးက အီရန်အနေဖြင့် ကမ္ဘာ့စီးပွားရေးအတွက် အရေးပါသောဟော်မုဇ်ရေလက်ကြား ကို ပိတ်ဆို့ထားမှုအပေါ် ပြင်းထန်စွာဝေဖန်ခဲ့ပြီး၊ဗြိတိန်အနေဖြင့်အမေရိကန်၏ထိုးစစ်ဆင်မှုတွင်ပါဝင်မည်မဟုတ်သော်လည်း သံတမန်ရေးနည်းလမ်းဖြင့်ဖိအားပေးသွားမည်ဟုပြောကြားခဲ့သည်။ အခြားတစ်ဖက်တွင်ဒေါ်နယ်ထရမ့် က ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၏တုံ့ပြန်ပုံကို“ပျော့ညံ့သည်”ဟုလှောင်ပြောင်ဝေဖန်ခဲ့သည်။ ကိုးကား The Independent Post navigation ဘန်ကောက်တွင် ၇ နှစ်အရွယ် သမီးဖြစ်သူကို သတ်ဖြတ်ပြီး ထွက်ပြေးသည့် မြန်မာအမျိုးသမီးကို ခိုလန်းကျွန်းတွင် ဖမ်းဆီးရမိ ယူကရိန်းတွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံး၊ အီစတာပွဲတော် အပစ်အခတ် ရပ်စဲရေးအတွက် ကိဗ်ဘက်မှ လမ်းဖွင့်ထား