PSM (News) မတ် ၄ ၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အရှေ့အလယ်ပိုင်း ဒေသရှိ မြန်မာနိုင်ငံသားများနှင့် မတ်လ ၂ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်။ ဝန်ကြီး ဒေါ်ဇင်မာအောင်က လတ်တလော အမေရိကန်၊ အစ္စရေးနှင့် အီရန်အကြား စစ်ပွဲများ ပြင်းထန်နေပြီး လုံခြုံရေးအရ စိုးရိမ်ရသည့် အခြေအနေများ ကြုံတွေ့နေရသဖြင့် နိုင်ငံရပ်ခြားရောက် မြန်မာသားများ၏ အခြေအနေကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး၏ လက်ရှိအောင်မြင်မှုများ၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် အနာဂတ်လုပ်ငန်းစဉ်များကိုလည်း တက်ရောက်လာသူများနှင့် အပြန် အလှန် ဆွေးနွေးဖလှယ်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းတွင် ဖေဖော်ဝါရီ ၂၈ ရက်နေ့က အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးသည်အထိ တိုက်ခိုက်မှုများ ပြင်းထန်ခဲ့သော်လည်း စစ်ကော်မရှင်ဘက်ကမူ ထိုဒေသရှိ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးအတွက် တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေဆဲဖြစ်သည်။ #PSM_News #NUG #နိုင်ငံခြားရေးဝန်ကြီး #အရှေ့အလယ်ပိုင်း #မြန်မာများ #အွန်လိုင်းမှတွေ့ဆုံ Post navigation ဩစတြေးလျား ဆီနိတ်ကော်မတီတွင် ချင်းလူ့အခွင့်အရေးအဖွဲ့ က သက်သေထွက်ဆိုချက်ပေး စစ်ကော်မရှင်က အရန်စက်သုံးဆီ ရက် ၄၀ စာရှိသည်ဟု ပြောသော်လည်း ပြည်သူများက ယုံကြည်ခြင်း မရှိ၍ စိုးရိမ်တကြီး ဆီတန်းစီ