PSM(NEWS)ဖေဖော်ဝါရီ ၄၊၂၀၂၆ အမေရိကန်က ကြားဝင်စေ့စပ်ပေးထားသည့်အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ တနင်္လာနေ့တွင် နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဖွင့်လှစ်နိုင်ခြင်းမှာ သိသာထင်ရှားသည့် တိုးတက်မှုတစ်ခုအဖြစ် ကြိုဆိုခြင်းခံခဲ့ရသော်လည်း၊ ၁၀ နာရီကျော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် လူနာအနည်းငယ်နှင့် ပြန်လည်ဝင်ရောက်လာသူ ၁၂ ဦးခန့်သာ နှစ်ဖက်အပြန်အလှန် ဖြတ်သန်းခွင့်ရရှိခဲ့သဖြင့် ကြန့်ကြာမှုများရှိနေခဲ့သည်။ “ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ WHO နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ လူနာ ၅ ဦးနဲ့အတူ လူနာစောင့် ၇ ဦးတို့ကို ရာဖာနယ်စပ်ဂိတ်ကတစ်ဆင့် အီဂျစ်နိုင်ငံဆီ ဆေးကုသဖို့အတွက် ဘေးကင်းရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု WHO ပြောရေးဆိုခွင့်ရှိသူ ခရစ်စတီယန် လင်းဒ်မိုင်ယာ က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ “ဒါဟာ ၂၀၂၅ ခုနှစ် အစောပိုင်း အပစ်အခတ်ရပ်စဲရေးကာလတုန်းက လူနာအနည်းငယ်ကို ရွှေ့ပြောင်းပေးခဲ့ပြီးနောက်ပိုင်း ဒီလမ်းကြောင်းကနေ ပထမဆုံးအကြိမ် ဆေးကုသဖို့ ရွှေ့ပြောင်းပေးနိုင်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ နှစ်နှစ်ကြာ စစ်မီးတောက်လောင်ခဲ့ပြီးနောက် လက်ရှိတွင် စစ်ဒဏ်ကြောင့် ရရှိသော ဒဏ်ရာရရှိသူများအပြင် ကင်ဆာနှင့် ဆီးချိုကဲ့သို့သော နာတာရှည်ရောဂါ ခံစားနေရသူများအပါအဝင် လူနာပေါင်း ၁၈,၅၀၀ ကျော်မှာ ဆေးကုသမှုခံယူရန် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးမည့်အစီအစဉ်ကို စောင့်ဆိုင်းနေကြရဆဲဖြစ်သည်။ အောက်တိုဘာလအတွင်းက ရရှိခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် ယခုနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမှာ တိုးတက်မှုခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ခံနေရသည်။ ဂါဇာကမ်းမြောင်ဒေသနှင့် အီဂျစ်နိုင်ငံတို့အကြားရှိ ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် လူနာ ၅ ဦးကို ပထမဆုံးအကြိမ်အဖြစ် လွှဲပြောင်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ကိုးကား The Independent ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဂါဇာကမ်းမြောင်ဒေသ လူနာ၅ဦး ရာဖာနယ်စပ်ဂိတ် အပစ်အခတ်ရပ်စဲရေး 𝐏𝐒𝐌_𝐍𝐞𝐰𝐬 Post navigation ပြင်သစ်ရဲတပ်ဖွဲ့က X ရုံးခန်းကို ဝင်ရောက်ရှာဖွေ၊ပဲရစ်အစိုးရရှေ့နေရုံးကအီလွန်မတ်စ်အား ဆင့်ခေါ် ရုရှားအသင်းကို ဘောလုံးလောကသို့ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းသည့် FIFAဥက္ကဋ္ဌကို ယူကရိန်း ပြင်းထန်စွာ ဝေဖန်