PSM (News) စက်တင်ဘာ ၁၃၊၂၀၂၆ နယူးဒေလီမြို့တွင် ကျင်းပနေသည့် BRICS ထိပ်သီးအစည်းအဝေးတွင် အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့်ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များ၌ ငြိမ်းချမ်းရေးဖော်ဆောင်ပေးမည့်သူများအဖြစ် ပါဝင်ဆောင်ရွက်ကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းပြောကြားလိုက်သည်။ စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်သမ္မတက အရှေ့အလယ်ပိုင်း ဖြစ်ပွားနေသော စစ်ပွဲသည် နိုင်ငံတကာမိသားစုကြီး၏ ဘုံအကျိုးစီးပွားနှင့် လုံးဝကိုက်ညီမှု မရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် အခြားသော BRICSအဖွဲ့ဝင်များနှင့်အတူ ငြိမ်းချမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြခဲ့သည်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိကနိုင်ငံတို့အပြင် အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နှင့် ယူအေအီးနိုင်ငံတို့ ပါဝင်သည့် BRICSအဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်နှင့် ကမ္ဘာ့စီးပွားရေး၏ လေးပုံတစ်ပုံခန့်ကို ကိုယ်စားပြုလျက် ရှိသည်။ လာမည့်နှစ်တွင် တရုတ်နိုင်ငံအနေဖြင့် BRICSအဖွဲ့၏ သဘာပတိတာဝန်ကို ရယူမည်ဖြစ်ပြီး (၁၉) ကြိမ်မြောက် ဘရစ်ခ်စ် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။ ကိုးကား-Reuters Post navigation ထိုင်းနိုင်ငံ၊ပတ္တယားမြို့ရှိ လမ်းမများ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား ထိုင်းကျောင်းသူတစ်ဦး အွန်လိုင်းငွေလိမ်ဂိုဏ်း၏ လှည့်စားခံရပြီး ဘတ် ၁. ၇၈ သန်း ဆုံးရှုံး