PSM (News) ဩဂုတ် ၃၊၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်၊ မာဒူရာကျွန်းအနီး ပင်လယ်ပြင်တွင် ခရီးသည်တင် သင်္ဘောတစ်စင်း တနင်္ဂနွေနေ့က မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး ၄၁ ဦး ပျောက်ဆုံးနေကြောင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။ Mutiara Sentosa 2 ခရီးသည်တင် သင်္ဘောသည် အရှေ့ဂျာဗားပြည်နယ်၊ စူရာဘာယာမြို့မှ တောင်ဆူလာဝေစီပြည်နယ်၊ မာကာဆာမြို့သို့ ခရီးနှင်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် ခရီးသည်အချို့ ရေထဲသို့ ခုန်ချခဲ့ကြရပြီး လူ ၂၂၅ ဦး ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ၅ ဦး သေဆုံးကာ ၄၁ ဦး ပျောက်ဆုံးလျက်ရှိသည်။ မီးလောင်နေသော သင်္ဘောပေါ်ရှိ မီးလောင်လွယ်သော ပစ္စည်းများကြောင့် အနီးအနားတွင် ရပ်တန့်စောင့်ဆိုင်းနေသည့် အခြားသင်္ဘော ၄ စင်းမှာ အနီးသို့ကပ်၍ မကူညီနိုင်ခဲ့ပေ။ ကယ်ဆယ်ရေးအဖွဲ့ကြီးမှာလည်း စူရာဘာယာမြို့မှ ၆ နာရီခန့် သွားရောက်ရသည့် ခရီးဖြင့် လာရောက်လျက်ရှိသည်။ ကိုးကား-CNA Post navigation ပီရူးနိုင်ငံ နက်ဇ်ကာ ရှေးဟောင်းနယ်မြေပေါ်တွင် ခရီးသည်တင် လေယာဉ်ငယ် ပျက်ကျမှုကြောင့် ၁၃ ဦး သေဆုံး စင်ကာပူနိုင်ငံ၊ တိုက်ခန်းတစ်ခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး လူ (၅) ဦး ပိတ်မိကာ ဆေးရုံသို့ ပို့ဆောင်