PSM(NEWS) ဧပြီ့ ၃၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ မင်နီယာပိုလစ်မြို့တွင် မတ်လ၃၁ရက်၌ ကျင်းပခဲ့သည့် ဖျော်ဖြေပွဲတစ်ခုအတွင်း အဆိုတော်ဘရုစ်စပရင်းစတင်းက အမေရိကန်နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ပြင်းထန်သော ဝေဖန်ပြောကြားမှုများပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းအား“သစ္စာဖောက်”ဟု ဝေဖန်သူများက တံဆိပ်ကပ်ခဲ့ကြသည်။ သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင် အမေရိကန်နိုင်ငံသည် “စည်းကမ်းမဲ့ပြီး တရားလက်လွတ်အမြတ်ထုတ်နေသည့် နိုင်ငံ” ဖြစ်နေသည်ဟု ဘရုစ်စပရင်းစတင်းကပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းပြောကြားချက်အပေါ် လူမှုကွန်ရက် အသုံးပြုသူများက တုံ့ပြန်ခဲ့ကြပြီး ၎င်း၏ဖျော်ဖြေပွဲလက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ ကျော်အထိ ပေးဆောင်နေရသည်ကို ထောက်ပြကာ ဝေဖန်မှုများမြင့်တက်ခဲ့သည်။ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက “နောက်ထပ် ဖျော်ဖြေပွဲတစ်ခု၊ နောက်ထပ်နိုင်ငံရေးဟောပြောပွဲတစ်ခုပါပဲ။လူတွေက သီချင်းနားထောင်ဖို့လာကြတာ၊ ဆုံးမစာတွေ နားထောင်ဖို့လာတာမဟုတ်ဘူး” ဟု မှတ်ချက်ပေးခဲ့သည်။ ကိုးကား Fox News Post navigation အကျပ်အတည်းများကို ‘နှစ်ပတ်မှသုံးပတ်အတွင်း’ ဖြေရှင်းမည်ဟု ဒေါ်နယ်ထရန့်အကြိမ်ကြိမ် ကတိပြု စစ်ပွဲကြောင့် စွမ်းအင်ပြတ်တောက်မှုများ ရှိနေသော်လည်း လောင်စာဆီထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းရန် ပုဂ္ဂလိက ရေနံချက်စက်ရုံများကို တရုတ်အစိုးရ တိုက်တွန်း