မေ ၂၆၊၂၀၂၆

အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးနေသည့် ဖြစ်နိုင်ချေရှိသော နားလည်မှုစာချွန်လွှာ (MoU) ပါ အကြောင်းအရာအများစုတွင် ကောက်ချက်ချနိုင်ခဲ့ပြီဖြစ်သော်လည်း၊ ယင်းသည် နှစ်နိုင်ငံအကြား သဘောတူညီချက်တစ်ရပ်ကို အပြီးသတ် ချုပ်ဆိုရန် နီးကပ်နေပြီဟု ဆိုလိုခြင်းမဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက အီရန်အနေဖြင့် လက်ရှိတွင် စစ်ပွဲရပ်စဲရေးအတွက်သာ အဓိကထား ဆွေးနွေးနေခြင်းဖြစ်ပြီး နျူကလီးယားဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်း မရှိသေးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်အရာရှိများ၏ ရပ်တည်ချက်များ မကြာခဏ ပြောင်းလဲမှုများသည် မည်သည့်သဘောတူညီချက်အတွက်မဆို အခက်အခဲများ ဖြစ်ပေါ်စေကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသွားသည်။

အဆိုပါ ဆွေးနွေးမှုများသည် လက်ရှိဖြစ်ပွားနေသည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန်နှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အဓိက ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

ကိုးကား -Reuters

By Htet Ko

You missed