PSM (NEWS) မေ ၂၆၊၂၀၂၆ အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခကို ဖြေရှင်းရန် ကြားဝင်ညှိနှိုင်းပေးနေသည့် ပါကစ္စတန်နိုင်ငံ၏ “တက်ကြွသော အခန်းကဏ္ဍ” ကို တရုတ်နိုင်ငံက ချီးကျူးလိုက်ပြီး၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများအတွက် ဆက်လက်ပံ့ပိုးပေးသွားမည်ဟု ကတိပြုလိုက်သည်။ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘာဇ် ရှရစ်ဖ် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ပေကျင်းမြို့၌ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်။ ဝန်ကြီးချုပ် ရှရစ်ဖ်က ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ငြိမ်းချမ်းရေး ကြိုးပမ်းမှုများသည် “မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်” ဟု ပြောကြားခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ပါကစ္စတန်၏ ကြားဝင်ညှိနှိုင်းပေးမှုများကို တရုတ်နိုင်ငံအနေဖြင့် လေးစားတန်ဖိုးထားကြောင်းနှင့် ပိုမိုမျှတသော ကမ္ဘာ့စနစ်တစ်ခု ဖြစ်ပေါ်လာစေရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။ ကိုးကား-SCMP Post navigation စင်ကာပူတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးလုပ်ငန်းများ စီးနင်းဖမ်းဆီးခံရ အမေရိကန်-အီရန် သဘောတူညီချက်အတွက် အလျင်စလိုလုပ်ရန်မလိုဟု ဒေါ်နယ်ထရမ့် ပြောကြား