PSM(NEWS)

ဧပြီ ၂၃၊၂၀၂၆

တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် အာကာသစီမံကိန်းအတွက် ပါကစ္စတန်အာကာသယာဉ်မှူး နှစ်ဦးကို လျာထားရွေးချယ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် ရုပ်သံဌာန (CCTV) က ဗုဒ္ဓဟူးနေ့တွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။

ရွေးချယ်ခံရသူ နှစ်ဦးစလုံးသည် အာကာသဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ရန် တရုတ်နိုင်ငံသို့ သွားရောက်ကြရမည် ဖြစ်သည်။

၎င်းတို့အနက် တစ်ဦးမှာ အာကာသအတွင်း ဝန်ဆောင်မှုပေးရသည့် ကျွမ်းကျင်ပညာရှင် (Payload Specialist) အဖြစ် ပျံသန်းရေးမစ်ရှင်တွင် ပါဝင်မည်ဖြစ်ပြီး တရုတ်အာကာသစခန်းသို့ ရောက်ရှိသည့် ပထမဆုံးသော နိုင်ငံခြားသား အာကာသယာဉ်မှူး ဖြစ်လာမည်ဟု CCTV က ဆိုသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *