PSM(NEWS) ဧပြီ ၂၃၊၂၀၂၆ တောင်ကိုရီးယားသမ္မတလီဂျယ်မျောင် နှင့် ဗီယက်နမ်နိုင်ငံ ခေါင်းဆောင် တိုလမ်တို့သည် ဗုဒ္ဓဟူးနေ့က ဟနွိုင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတင်မကဘဲ စွမ်းအင်လုံခြုံရေးနှင့် အခြေခံအဆောက်အအုံ ကဏ္ဍများတွင်ပါ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် သမ္မတ လီဂျယ်မျောင်က တိုက်တွန်းပြောကြားခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာများက ဖော်ပြသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲအတွင်း နျူကလီးယားစွမ်းအင်၊ လျှပ်စစ်ဓာတ်အားနှင့် အခြေခံအဆောက်အအုံ ကဏ္ဍများအပါအဝင် နယ်ပယ်အသီးသီးအတွက် နားလည်မှုစာချွန်လွှာ (MOUs) စုစုပေါင်း (၁၂) ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေသော သမ္မတ လီဂျယ်မျောင်သည် ဟနွိုင်းမြို့ရှိ ဟိုချီမင်းအုတ်ဂူဗိမာန်သို့ သွားရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့သည်။ ကိုးကား Reuters Post navigation တရုတ်အာကာသစီမံကိန်းအတွက် ပါကစ္စတန်အာကာသယာဉ်မှူး နှစ်ဦးကို လျာထားရွေးချယ်