PSM (News) ဩဂုတ် ၂၁၊ ၂၀၂၆ ထိုင်းနိုင်ငံ၊မဲဟုန်ဆောင်ခရိုင်၊ ဆိုမိုးခရိုင်ခွဲတွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ကြာသပတေးနေ့ က ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့သည်။ ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရန် ထိုင်းစစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ခြောက်ဦးကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ စေလွှတ်ခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့သည် မဲကတွမ်မြို့နယ်ခွဲ အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ခဲ့သည်။ မြေပြိုကျမှုမှာ ဆိုမိုးခရိုင်ခွဲ၊ မဲကတွမ်မြို့နယ်ခွဲ၊ အမှတ် (၅) ရွာ၊ ဘန်ခွန်ဖုန်းကျေးရွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ရွှံ့နွံများနှင့် အပျက်အစီးများ အဟုန်ဖြင့် ဝင်ရောက်ပိမိခဲ့ခြင်းဖြစ်ပြီး ကနဦး စစ်ဆေးချက်များအရ အဆိုပါဖြစ်စဉ်တွင် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကယ်ဆယ်ရေး တာဝန်ရှိသူများသည် ဒဏ်ရာရရှိသူများကို ချက်ချင်း ရှေးဦးသူနာပြုစုပေးခဲ့ပြီးနောက် လိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ခံယူနိုင်ရန် ဆိုမိုးဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ကိုးကား-Khaosod Post navigation ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံအတွင်း ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော ကရင်ရွာသား ၂၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် HRW တိုက်တွန်း