PSM (News)

ဩဂုတ် ၂၁၊၂၀၂၆

ထိုင်းနှင့် ထိုင်ဝမ် အာဏာပိုင်များသည် တိုင်ဝမ်မာဖီးယားဂိုဏ်းက လုပ်ကိုင်နေသည်ဟု ယူဆရသော နိုင်ငံဖြတ်ကျော် Call Center ငွေကြေးလိမ်လည်မှု ကွန်ရက်တစ်ခုကိုဩဂုတ်လ ၁၉ရက်နေ့က ရက်နေ့ပူးပေါင်း ဖြိုခွင်းခဲ့သည်။

အဆိုပါ နှိမ်နင်းမှုအတွင်း ငွေကြေးထောက်ပံ့သူများနှင့် ခရီးသွားလုပ်ငန်းပိုင်ရှင် တစ်ဦးအပါအဝင် ထိုင်ဝမ်နိုင်ငံသား သံသယရှိသူ ၂၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။

ယင်းကွန်ရက်သည် အွန်လိုင်းမှ အလုပ်ခေါ်စာ အတုများဖြင့် စည်းရုံးသိမ်းသွင်းပြီး ကမ္ဘောဒီးယားနိုင်ငံရှိ Call Center များတွင် အလုပ်လုပ်ကိုင်ရန် စေလွှတ်ခဲ့ခြင်းဖြစ်ကာ ရဲအရာရှိများအဖြစ် ဟန်ဆောင်ကာ ငွေကြေးလိမ်လည်ခဲ့ကြသည်။ ထိုသို့ လိမ်လည်မှုကြောင့် ၄၆ ဦးထက်မနည်း ထိခိုက်ခဲ့ပြီး ဆုံးရှုံးမှုမှာ နယူးထိုင်ဝမ်ဒေါ်လာ သန်း ၂၀၀ ကျော် ရှိခဲ့သည်။ ယင်းနောက် အာဏာပိုင်များသည် ငွေသား၊ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများ၊ ဘဏ်စာရင်းများနှင့် အီလက်ထရွန်းနစ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့က ဤကွန်ရက်နှင့် ပတ်သက်ဆက်နွှယ်နေသူများကို ဆက်လက် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ကိုးကား- Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *