PSM(NEWS) ဇူလိုင် ၂၊ ၂၀၂၆ ထိုင်ဝမ်ကျွန်း၏ အရှေ့ဘက်ကမ်းရိုးတန်းရေပိုင်နက်တွင် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ မှ တောင်းဆိုလာသည့် သင်္ဘောပေါ်တက်ရောက် စစ်ဆေးခြင်းများကို လျစ်လျူရှုရန် ထိုင်ဝမ်အာဏာပိုင်များက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားလိုက်သည်။လိုအပ်ပါက ထိုင်ဝမ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့မှဝင်ရောက်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။ ထိုင်ဝမ်အစိုးရသည် တရုတ်နိုင်ငံ၏ ရေပိုင်နက်နှင့်ပတ်သက်သည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ကြွေးကြော်ချက်များကို လက်မခံကြောင်းနှင့် ၎င်းတို့၏ ရေပိုင်နက်အတွင်း တရုတ်နိုင်ငံတွင် တရားစီရင်ပိုင်ခွင့်မရှိကြောင်း ပြတ်သားစွာ ပြောကြားထားသည်။ ထိုင်ဝမ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၏ ဒုတိယအကြီးအကဲ ရှေး ချင်းချင်း က သင်္ဘောများအနေဖြင့် တရုတ်နိုင်ငံ၏ စစ်ဆေးမှုတောင်းဆိုချက်များကို လိုက်နာရန်မလိုဘဲ ထိုင်ဝမ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ထံ ချက်ချင်းအကြောင်းကြားရန် တိုက်တွန်းခဲ့သည်။ အရေးပေါ်အခြေအနေများတွင် ထိုင်ဝမ်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့၏ သင်္ဘောများသည် အဆိုပါသင်္ဘောနှစ်စင်းကြားတွင် ဝင်ရောက်ကာကွယ်ပေးသွားမည်ဖြစ်သည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့က တရုတ်နိုင်ငံ၏ လုပ်ရပ်များနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ပြီးခဲ့သည့်လအတွင်း တရုတ်နိုင်ငံသည် ၎င်းတို့၏ “အထူးရေကြောင်းသွားလာမှုဆိုင်ရာ ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်” ဟု ခေါ်ဆိုကာ ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းတွင် သင်္ဘောများ စေလွှတ်ခဲ့သဖြင့် ထိုင်ဝမ်အစိုးရက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ ထိုင်ဝမ်အာဏာပိုင်များက ယခုလုပ်ရပ်များကို “မီးခိုးရောင်နယ်ပယ်” (Grey-zone) ဟု ခေါ်ဆိုသည့် ခြိမ်းခြောက်မှုပုံစံတစ်မျိုးအဖြစ် သတ်မှတ်ထားပြီး အမျိုးသားအချုပ်အခြာအာဏာနှင့် ရေကြောင်းလုံခြုံရေးအတွက် လိုအပ်သည့် မည်သည့်အရေးယူမှုမျိုးကိုမဆို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။ ကိုးကား-Reuters Post navigation ၂၀၂၆ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေသည့် တိုက်စစ်မှူးများ NATO မဟာမိတ်များအနေဖြင့် တူရကီနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် တိတ်ဆိတ်နေ