PSM (News)

ဇူလိုင် ၁၆၊ ၂၀၂၆

ဗင်နီဇွဲလားနိုင်ငံတွင် ပြီးခဲ့သည့်လက လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသူများကို ကူညီနိုင်ရန်အတွက် ဥရောပသမဂ္ဂ (EU) က နောက်ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ယူရို သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၂.၈ သန်း) ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

ဤအကူအညီအစီအစဉ်သစ်သည် ဆေးဝါးကိရိယာများ ဝယ်ယူရန်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များအတွက် ရန်ပုံငွေထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အဆိုပါအကူအညီသည် ဇွန်လတွင် ခွင့်ပြုပေးခဲ့သော ယူရို ၅ သန်းနှင့် နှစ်စပိုင်းက ပေးအပ်ခဲ့သော ယူရို ၅၂ သန်းအပြင် ထပ်မံပေးအပ်သည့် အကူအညီဖြစ်ကြောင်း ဥရောပသမဂ္ဂက ဆိုသည်။

ပြီးခဲ့သော ဇွန်လ ၂၄ ရက်နေ့က ဗင်နီဇွဲလားနိုင်ငံတွင် ပြင်းအား အလွန်ပြင်းထန်သော ငလျင်နှစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် သေဆုံးသူဦးရေမှာ ၄,၇၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။ အမေရိကန် Geological Survey ၏ ထုတ်ပြန်ချက်အရ ကာရာကတ်စ်မြို့၏ အနောက်ဘက် ကီလိုမီတာ ၁၆၀ (မိုင် ၁၀၀ ခန့်) အကွာတွင် ပထမဆုံးအကြိမ်အဖြစ် ပြင်းအား ၇.၂ ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး တစ်မိနစ်မပြည့်မီမှာပင် ပြင်းအား ၇.၅ ရှိသည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ကိုးကား- Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed