PSM (News)

ဇူလိုင် ၁၆၊၂၀၂၆

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့ ကမ်းလွန်ပင်လယ်ပြင်တွင် မိသားစုဝင်များလိုက်ပါလာသည့် ပွန်တွန်း အမျိုးအစား လှေတစ်စီး နစ်မြုပ်ခဲ့မှုကြောင့် လူတစ်ဦး သေဆုံးပြီး သုံးဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်သည်။

အဆိုပါ လှေသည် အင်္ဂါနေ့မွန်းလွဲပိုင်းက အထိမ်းအမှတ်အခမ်းအနားတစ်ခုအတွက် မိသားစုဝင်များ စီးနင်းလိုက်ပါလာခြင်းဖြစ်ပြီး အယ်လ်ကာထရပ်ဇ်ကျွန်း အနီးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက လှေပေါ်ပါရှိသူ (၁၆) ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ပျောက်ဆုံးနေသူများကို ရဟတ်ယာဉ်များ၊ ရေငုပ်သမားများနှင့် ရေယာဉ်များဖြင့် ဆက်လက်ရှာဖွေလျက်ရှိသည်။

ဆန်ဖရန်စစ္စကို မီးသတ်ဌာနမှူး ဒင်း ခရစ်စပန်၏ ပြောကြားချက်အရ လှေနစ်မြုပ်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိတွင် အသက်ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေကြောင်း သိရသည်။

ကိုးကား-AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed