PSM(NEWS)

ဧပြီ ၁၅ ၊ ၂၀၂၆

ပြင်သစ်ရေနံကုမ္ပဏီကြီးဖြစ်သော TotalEnergies သည် တူရကီနိုင်ငံပိုင် TPAO ကုမ္ပဏီနှင့်အတူ တူရကီပိုင်နက် ပင်လယ်နက်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပဏာမသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း အဆိုပါကုမ္ပဏီက တနင်္လာနေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက တူရကီစွမ်းအင်ဝန်ကြီး ကြေညာခဲ့သော အဆိုပါသဘောတူညီချက်တွင် ပင်လယ်နက်အတွင်း၌သော်လည်းကောင်း၊ နိုင်ငံတကာ၌သော်လည်းကောင်း နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် နောင်တွင်ဖြစ်ပေါ်လာနိုင်သည့် ပူးတွဲစွမ်းအင်ရှာဖွေရေး အခွင့်အလမ်းများအတွက် မူဘောင်တစ်ရပ် ပါဝင်မည်ဖြစ်သည်။

ကိုးကား Reuters

By Htet Ko

You missed