PSM(NEWS)

ဧပြီ ၁၄၊၂၀၂၆

မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ ချွဲဟွန်း အဆင့်မြင့်ဖျက်သင်္ဘော၏ စစ်ဆင်ရေးစွမ်းဆောင်ရည်ကို စမ်းသပ်သည့်အနေဖြင့် မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်များနှင့် သင်္ဘောဖျက်ဒုံးကျည်များကို တနင်္ဂနွေနေ့က ထပ်မံစမ်းသပ်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင် KNCA သတင်းဌာနက အင်္ဂါနေ့တွင် ဖော်ပြခဲ့သည်။

ခေါင်းဆောင် ကင်ဂျုံအန်းသည် ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် ရေတပ်ဗိုလ်ချုပ်များနှင့်အတူ အဆိုပါစမ်းသပ်မှုကို ကိုယ်တိုင်ကြည့်ရှုစစ်ဆေးခဲ့သည်။

ခရုစ်ဒုံးကျည်များသည် ၇,၈၆၉ စက္ကန့်မှ ၇,၉၂၀ စက္ကန့်အထိ ပျံသန်းခဲ့ပြီး၊ သင်္ဘောဖျက်ဒုံးကျည်များသည် ၁,၉၆၀ စက္ကန့်မှ ၁,၉၇၃ စက္ကန့်အထိ ပျံသန်းခဲ့ကာ ပစ်မှတ်များကို အလွန်တိကျစွာ ထိမှန်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကင်ဂျုံအန်းသည် လက်ရှိတည်ဆောက်ဆဲ နောက်ထပ်ဖျက်သင်္ဘောနှစ်စင်းအတွက် လက်နက်စနစ်ဆိုင်ရာ အစီအစဉ်များကိုလည်း တင်ပြခြင်းခံခဲ့ရသည်။ ယင်းသည် ချွဲဟွန်း အဆင့်တူ တတိယနှင့် စတုတ္ထမြောက် စစ်သင်္ဘောများကို ပြင်ဆင်နေခြင်းဖြစ်ကြောင်း ပထမဆုံးအကြိမ် တရားဝင်သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံ၏ နျူကလီးယားစစ်ဟန့်တားရေးစွမ်းရည်ကို အားကောင်းစေခြင်းသည် အဓိကဦးစားပေးဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့ပြီး မဟာဗျူဟာနှင့် နည်းဗျူဟာမြောက် တိုက်ခိုက်ရေးစွမ်းရည်များအပြင် လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။

ကျောင်နမ်တက္ကသိုလ်မှ ပါမောက္ခ လင်အူးလ်ချူးက မြောက်ကိုရီးယားသည် စစ်သင်္ဘောများကို တစ်စင်းချင်းစီထက် ဖျက်သင်္ဘောအုပ်စုအဖြစ် ဖွဲ့စည်းရန် အရှိန်မြှင့်လုပ်ဆောင်နေပုံရကြောင်း သုံးသပ်သည်။

ထို့အပြင် မြောက်ကိုရီးယားသည် အရှေ့အလယ်ပိုင်းပဋိပက္ခကဲ့သို့သော ကမ္ဘာ့အာရုံလွှဲနေသည့် အခြေအနေများကို အခွင့်ကောင်းယူကာ ၎င်းတို့၏ နျူကလီးယားနှင့် ဒုံးကျည်ပို့ဆောင်ရေးစွမ်းရည်များကို အရှိန်အဟုန်ဖြင့် တိုးတက်အောင်လုပ်ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *