PSM(NEWS) ဧပြီ ၁၃၊ ၂၀၂၆ ဟော်မုဇ်ရေလက်ကြားသို့ ချဉ်းကပ်ရန် ကြိုးပမ်းသည့် မည်သည့်စစ်သင်္ဘောမဆို အမေရိကန်နှင့် နှစ်ပတ်ကြာ သဘောတူညီထားသော အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ ဟော်မုဇ်ရေလက်ကြားသည် အီရန်ရေတပ်၏ ထိန်းချုပ်မှုနှင့် ကျွမ်းကျင်လိမ္မာစွာ စီမံခန့်ခွဲမှုအောက်တွင် ရှိနေကြောင်း အီရန်အစိုးရပိုင်မီဒီယာက ထုတ်ပြန်သည့် တော်လှန်ရေးအစောင့်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ၎င်းရေလက်ကြားသည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဘက်ဆိုင်ရာမဟုတ်သည့် သင်္ဘောများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရန် ဖွင့်လှစ်ထားသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။ ကိုးကား Reuters Post navigation အမေရိကန်-အီရန် ဆွေးနွေးပွဲ ပျက်ပြား၊ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့မည်ဟု ထရမ့် ကြေညာ အမေရိကန်က အိုမန်ပင်လယ်ကွေ့နှင့် အာရေဗျပင်လယ်အတွင်း သင်္ဘောများဖြတ်သန်းမှုကို စတင်ပိတ်ဆို့