PSM(NEWS)

ဧပြီ ၁၁ ၊ ၂၀၂၆

အစ္စရေးနိုင်ငံနှင့် တိုက်ရိုက်ဆွေးနွေးရန် ကမ်းလှမ်းချက်ကို ဟစ်ဇ်ဘိုလာအဖွဲ့က ငြင်းဆိုလိုက်ကြောင်း အဖွဲ့၏ လွှတ်တော်ကိုယ်စားလှယ် အလီဖာယတ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် မည်သည့်နောက်ဆက်တွဲ ခြေလှမ်းများကိုမဆို မလုပ်ဆောင်မီ လက်ဘနွန်အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ကြိုတင်သတ်မှတ်ချက်အဖြစ် တောင်းဆိုရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်ဘနွန်နှင့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ရန် ၎င်း၏ ဝန်ကြီးအဖွဲ့ကို ညွှန်ကြားထားကြောင်း ပြောကြားပြီးနောက် ဖာယတ်၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ဘနွန်အစိုးရ၏ ရပ်တည်ချက်တွင် လက်ဘနွန်ပိုင်နက်အတွင်းမှ အစ္စရေးတပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရေးနှင့် နေရပ်စွန့်ခွာရသူများ မိမိတို့အိမ်ဂေဟာများသို့ ပြန်လည်ရောက်ရှိရေးကိုလည်း ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ဖာယတ်က ဆက်လက် ပြောကြားခဲ့သည်။

ကိုးကား Reuters

By Htet Ko