PSM (NEWS) ဇူလိုင် ၁၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ် ၁၀၄ ပွဲစလုံးကို ရုပ်သံလိုင်းများမှတစ်ဆင့် အခမဲ့ကြည့်ရှုခွင့်ရရှိသည့် နိုင်ငံအနည်းငယ်ထဲတွင် ပါဝင်သည်။ ဇွန်လ ၃၀ ရက်၊ အင်္ဂါနေ့တွင် ဂျကာတာရှိ လူစည်ကားသော ကော်ဖီဆိုင်တစ်ခု၌ နယ်သာလန်အသင်းက မော်ရိုကိုအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာသွားချိန်တွင် လိမ္မော်ရောင်ဝတ်ဆင်ထားသော ပရိသတ်များထံမှ စိတ်ပျက်အားငယ်သည့် အသံများ ထွက်ပေါ်လာခဲ့သည်။ အင်ဒိုနီးရှားပရိသတ်အများစုအတွက်မူ ၎င်းတို့ မျိုးဆက်ပေါင်းများစွာ အားပေးလာခဲ့သည့် အသင်းတစ်သင်း၏ ကမ္ဘာ့ဖလားအိပ်မက် အဆုံးသတ်သွားခြင်းပင်ဖြစ်သည်။ အားနည်းသည့်အသင်းများက အနိုင်ရရှိမှုများ ပိုမိုများပြားလာသည့် ယခုနှစ် ကမ္ဘာ့ဖလားတွင် အခြားသော ဘောလုံးပရိသတ်များအတွက် စိတ်လှုပ်ရှားမှုများမှာ အခုမှ အစပျိုးနေဆဲဖြစ်သည်။ ရှုံးထွက်အဆင့် စတင်လာသည်နှင့်အမျှ လူထုကြည့်ရှုမှုများ (Public Screenings) ကြောင့် ကော်ဖီဆိုင်များတွင် လူစုလူဝေးများပြားလာပြီး အစားအသောက် ပို့ဆောင်ပေးသည့် ပလပ်ဖောင်းများတွင်လည်း ဝယ်လိုအားများ မြင့်တက်လာလျက်ရှိသည်။ “အစားအသောက်တွေအပြင် ပတ်ဝန်းကျင်အငွေ့အသက်ကလည်း ထူးခြားတဲ့ ခံစားချက်ကို ပေးပါတယ်။ ဒါကြောင့် အိမ်မှာကြည့်တာထက် ဒီနေရာမှာ လာကြည့်ရတာကို ပိုသဘောကျတယ်” ဟု ဂျကာတာအလယ်ပိုင်းရှိ Djakarta Cafe တွင် ပွဲကြည့်ရှုနေသည့် ဘောလုံးပရိသတ် ခရစ်နာ ရာမန် ရက်တော့ဘ်က ဆိုသည်။ Djakarta Cafe ၏ ပိုင်ရှင် ဆာဝေရီ ဆမ်ပီတိုဒင်းက ပြိုင်ပွဲစတင်ချိန်မှစ၍ ဝင်ငွေ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် Grab Indonesia မှ ကူးသန်းရောင်းဝယ်ရေး ဒါရိုက်တာ ရွိုင် နူဂရိုဟိုကလည်း အစားအသောက် ပို့ဆောင်ပေးသည့်လုပ်ငန်းများတွင် အကျိုးအမြတ်များ တိုးတက်ရရှိနေကြောင်း ဆိုသည်။ ပြင်သစ်သံရုံးမှ ပူးပေါင်းဆောင်ရွက်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဒုတိယအကြံပေး ဗင်ဆင့် ဒီဂူးလ် ကလည်း “ကမ္ဘာ့ဖလားရဲ့ အဓိကရည်ရွယ်ချက်က လူတွေကို စုစည်းပေးဖို့ပါပဲ။ အခုလို မသေချာမရေရာတဲ့ ကာလမှာ ဒါက ပိုအရေးကြီးပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။ ကိုးကား-CNA Post navigation ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ထွက်ခွာနိုင်ခဲ့သည့် အီရတ်၏ ရေနံစည်ပေါင်း ၁၄ သန်း ၂၀၂၆ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေသည့် တိုက်စစ်မှူးများ