PSM (News) ဩဂုတ် ၂၁၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ဖက်ချ်ပူရီခရိုင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ကရင်ကျေးရွာသား ၂၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းမပြုရန် ထိုင်းအာဏာပိုင်များကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch – HRW) က တိုက်တွန်းလိုက်သည်။ ဩဂုတ်လ ၁၀ ရက်နေ့က အာဏာပိုင်များနှင့် စစ်တပ်တို့သည် ကန်းကြချန် အမျိုးသားဥယျာဉ် (Kaeng Krachan National Park) အတွင်းရှိ ဘန်ပါဒင့်ကျေးရွာ သို့ ဝင်ရောက်ကာ ထိုင်းနိုင်ငံသားဖြစ်ကြောင်း အထောက်အထား မပြနိုင်သည့် ကရင်ကျေးရွာသား ၂၈ ဦးကို ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၂၆ ဦးကိုမူ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရပါက ၎င်းတို့သည် ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်း HRW က သတိပေးထားသည်။ ကိုးကား-Khaosod Post navigation ထိုင်းနိုင်ငံ၊မဲဟုန်ဆောင်ခရိုင်တွင် ရွှံ့မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးပြီး လူ ၅ ဦး ဒဏ်ရာရ ထိုင်းနှင့် ထိုင်ဝမ် အာဏာပိုင်များ ပူးပေါင်း၍ နိုင်ငံဖြတ်ကျော် ငွေကြေးလိမ်လည်မှုကွန်ရက်ကို ဖြိုခွင်း