PSM(NEWS)

ဇူလိုင် ၂၊ ၂၀၂၆

ပြင်သစ်နိုင်ငံနှင့် ဥရောပတစ်ဝန်းရှိ ဆေးရုံများသည် လွန်ခဲ့သည့်ရက်သတ္တပတ်က ကြုံတွေ့ခဲ့ရသည့် စံချိန်တင် အပူလှိုင်းဒဏ်မှ သင်ခန်းစာများရယူ၍ လာမည့် အပူလှိုင်းကာလများအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်။

ပြင်သစ်နိုင်ငံ၊ ပါရီဒေသရှိ ပါရီ-ဆက်လေ ဆေးရုံတွင် အပူဒဏ်ကြောင့် ခန္ဓာကိုယ်အပူချိန် လွန်ကဲနေသည့် လူနာများကို အရေးပေါ် ကုသနိုင်ရန် ရေခဲများ အရေးတကြီး လိုအပ်ခဲ့သည်။ သို့သော် ဆေးရုံတွင် ရေခဲထုတ်လုပ်သည့်စက် မရှိသဖြင့် အနီးအနားရှိ အမြန်ရောင်း အစားအစာဆိုင်များနှင့် စူပါမားကတ်များမှတစ်ဆင့် ရေခဲများ အကူအညီတောင်းခံ ဝယ်ယူခဲ့ရသည်။ ယခုအခါ အဆိုပါဆေးရုံသည် ကိုယ်ပိုင်ရေခဲစက်ကို မှာယူထားပြီးဖြစ်ကာ လာမည့် အပူလှိုင်းဒဏ်အတွက် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားသည်။

ရာသီဥတုပြောင်းလဲမှုများကြောင့် အပူလှိုင်းဖြတ်သန်းမှုများသည် မကြာခဏဆိုသလို ဖြစ်ပေါ်လာနိုင်သည့်အတွက် ဆေးရုံတာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်းစဉ်များကို ပြန်လည်ပြင်ဆင်နေသည်။

“ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ မဟုတ်ခဲ့ပါဘူး” ဟု ပါရီ-ဆက်လေ ဆေးရုံ ဒါရိုက်တာ ဆီဒရစ် လူဇီယေး က ပြောဆိုသည်။ “ဆေးရုံက ၂၄ နာရီပတ်လုံး အလုပ်လုပ်နေခဲ့ရပြီး အချိန်တိုအတွင်း ဖြေရှင်းချက်အသစ်တွေကို ရှာဖွေခဲ့ရပါတယ်။ ကျွန်တော်တို့ သင်ခန်းစာအချို့ကိုတော့ ရလိုက်ပါပြီ” ဟု ၎င်းက ပြောဆိုသည်။

နှစ်စဉ်ကျရောက်လေ့ရှိသည့် တုပ်ကွေးရာသီအတွက် ပြင်ဆင်သကဲ့သို့ပင်၊ အပူလှိုင်းတိုက်ခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းခြင်းသည် ဆေးရုံဝန်ထမ်းများအတွက် “သာမန်အခြေအနေသစ်” တစ်ခု ဖြစ်လာနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက သုံးသပ်ထားသည်။

ကိုးကား-AP

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed