PSM(News)ဇန်နဝါရီ ၁၉၊ ၂၀၂၆ ထိုင်းနိုင်ငံရဲတပ်ဖွဲ့၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုဌာနသည် ၂၀၂၅ ခုနှစ်အတွင်း ကျူးလွန်ခဲ့သော ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများမှ ဘတ် ၁၀ ဘီလီယံကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။ အဆိုပါ ဆောင်ရွက်မှုအတွင်း လိမ်လည်မှုကွန်ရက်များနှင့် အငှားဘဏ်အကောင့် (Mule Account) အသုံးပြုမှုများတွင် ပါဝင်ပတ်သက်သည့် ဘဏ်အကောင့်ပေါင်း ၈၀၀ ကျော်ကို ချိတ်ပိတ်နိုင်ခဲ့ပြီး သံသယရှိသူ ၃၂ ဦးကိုလည်း ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ အဓိကဗျူဟာမှာ ပိုင်ဆိုင်မှုများကို ထိရောက်စွာ ခြေရာခံခြင်းနှင့် ငွေကြေးခဝါချမှုဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆိုခြင်းတို့မှတစ်ဆင့် “ငွေကြေးစီးဆင်းမှုလမ်းကြောင်းကို ဖြတ်တောက်ရန်” ဖြစ်သည်။ အဆိုပါနည်းလမ်းသည် ဂိုဏ်းဖွဲ့ကျူးလွန်သော ရာဇဝတ်မှုများနှင့် ရှောင်တခင်စီးပွားရေး ကွန်ရက်များကို နှိမ်နင်းရာတွင် အထိရောက်ဆုံးသော လက်နက်တစ်ခုဖြစ်သည်ဟု ရဲတပ်ဖွဲ့က ရှုမြင်ထားသည်။ လာမည့် ၂၀၂၆ ခုနှစ်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုဌာနက အဓိကစီမံကိန်းကြီး နှစ်ရပ်ကို ချမှတ် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်နေသော စုံစမ်းစစ်ဆေးမှုများကို ယခင်ကထက် ပိုမိုပြင်းထန်စွာ ဆောင်ရွက်ပြီး ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟုဖေါ်ပြထားသည်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို လက်တွေ့ကျကျ ကျင့်သုံးနိုင်ရန်နှင့် စုံစမ်းစစ်ဆေးရေးအရာရှိများ၏ ကျွမ်းကျင်မှု မြှင့်တင်ရန်အတွက် အထူးသင်တန်းများ ပေးအပ်သွားမည် ဖြစ်ကြာင်းသိရသည်။ ကိုးကား The Nation Thailand Post navigation နိုင်ငံတကာသတင်းများ (𝟏𝟕.𝟏.𝟐𝟎𝟐𝟔) ဖက်ဒရယ်အေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် သူနာပြု အဲလက်စ် ပရက်တီ သေဆုံး၊ အမေရိကန်တစ်ဝန်း ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် ပျံ့နှံ့