PSM (News)

စက်တင်ဘာ ၁၁၊ ၂၀၂၆

ထိုင်းနိုင်ငံ၊အယုဒ္ဓယမြို့၊ဖရာ့နခွန်သီအယုဒ္ဓေခရိုင်ရှိကျော်ကြားသော ဘုန်းကြီးကျောင်းတစ်ကျောင်း၏ ကျောင်းထိုင်ဆရာတော်အား ငွေကြေးခဝါချမှု၊ရန်ပုံငွေလွှဲပြောင်းသုံးစွဲမှုနှင့်တာဝန်အလွဲသုံးစားလုပ်မှုတို့ဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှရဲတပ်ဖွဲ့ဝင်များသည်စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အယုဒ္ဓယမြို့ရှိ ဝပ်ဖုထိုင်းစဝန် (Wat Phutthaisawan) ကျောင်းတိုက်သို့ သွားရောက်ကာကျောင်းထိုင်ဆရာတော် ဖရာ့ဝချီရာယန်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးမှုကိုအကျင့်ပျက်ခြစားမှုနှင့် အလွဲသုံးစားလုပ်မှုများဆိုင်ရာ ဗဟိုရာဇဝတ်ခုံရုံးမှစက်တင်ဘာလ ၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်းအရ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းတိုက်ရန်ပုံငွေ ဘတ်သန်း ၉၂ ကျော် (အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းခန့်) ကို တရားမဝင် လွှဲပြောင်းသုံးစွဲခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ထုတ်ပြန်ချက်အရကျောင်းတိုက်ရန်ပုံငွေများကိုကိုယ်ကျိုးအတွက်အသုံးချခဲ့ပြီးနောက် ပိုင်ဆိုင်မှုများကို ဖုံးကွယ်ရန်သို့မဟုတ်ပုံစံပြောင်းလဲရန်အတွက်ရင်းနှီးသည့်အမျိုးသမီးတစ်ဦးထံသို့လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တွေ့ရှိရသည်။

နှစ်နှစ်ကျော်ကာလအတွင်းဆရာတော်သည်ကျောင်းတိုက်အမည်ဖြင့်ခွင့်ပြုချက်မရှိဘဲအလှူငွေလက်ခံဖြတ်ပိုင်း အစောင် ၂၀ ကျော်ကို ထုတ်ပေးခဲ့ကာဘတ်၉၂သန်းကျော်ဆုံးရှုံးနစ်နာစေခဲ့ကြောင်းရဲတပ်ဖွဲ့က ဖော်ပြခဲ့သည်။ ထို့အပြင် ဖမ်းဆီးစဥ်အတွင်း ဆရာတော်၏ ကျောင်းဆောင်အတွင်းရှိ CCTV မှတ်တမ်းများကို စစ်ဆေးခဲ့ရာ အဆိုပါအမျိုးသမီးနှင့်ရင်းနှီးနှစ်လိုဖွယ်ရှိနေသည့်ရုပ်သံမှတ်တမ်းများကိုပါ တွေ့ရှိခဲ့ရသည်။

ရဲတပ်ဖွဲ့သည်ကျောင်းတိုက်ရန်ပုံငွေများနှင့်ငွေကြေးလည်ပတ်မှုများတွင်ပါဝင်ပတ်သက်နေသည်ဟုယူဆရသည့်အဆိုပါအမျိုးသမီးကိုလည်း ထိန်းသိမ်းထားရှိပြီး CIB သို့ခေါ်ဆောင်ကာဆက်လက်စစ်ဆေးလျက် ရှိသည်။ အဆိုပါဆရာတော်သည်တရားနာပရိသတ်များအကြားလူကြိုက်များထင်ရှားသည့် နီယာဒွန်း(Nuea Duang)လက်ဖွဲ့ရုပ်တုများကိုဖန်တီးခဲ့သူလည်း ဖြစ်သည်။

ကိုးကား- Khaosod

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *