PSM (News)

စက်တင်ဘာ ၁၁၊၂၀၂၆

ယီမင်နိုင်ငံရှိ မိုချာဆိပ်ကမ်းမြို့ကို အီရန်လိုလားသည့် ဟူတီသူပုန်များက ကြာသပတေးနေ့တွင် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်သည် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် အောက်လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင်စစ်ပွဲပြီးဆုံးမည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့ပြီးနောက်နာရီပိုင်းအကြာတွင်ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးလမ်းကြောင်းများကိုပါထပ်မံခြိမ်းခြောက်လာခဲ့ခြင်းဖြစ်သည်။

ယီမင်အစိုးရ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်လေးဦး၏ အဆိုအရ ဟူတီသူပုန်များသည် ပင်လယ်နီ၏တောင်ဘက်ထွက်ပေါက်ဖြစ်ပြီးကမ္ဘာ့အရေးအပါဆုံး ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည့် ဘာဘ်အယ်လ်မန်ဒက် ရေလက်ကြားအပေါ် သြဇာလွှမ်းမိုးမှုကိုပိုမိုရရှိလာခဲ့ကာ မဟာဗျူဟာမြောက်ကျွန်းဖြစ်သော ဟာနစ်ရှ်ကျွန်းများကိုပါ တိုက်ခိုက်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

ရေကြောင်းသွားလာရေးလမ်းကြောင်းများပြတ်တောက်သွားနိုင်သည့် စိုးရိမ်မှုများကြောင့် ကြာသပတေးနေ့တွင်ဘရန့်စည်ရေနံစိမ်းဈေးနှုန်းမှာ ၃.၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီးတစ်စည်လျှင်အမေရိကန်ဒေါ်လာ၁၀၀ကျော်အထိရောက်ရှိလာခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား တင်းမာမှုများ မြင့်တက်နေဆဲဖြစ်ကာကမ္ဘာ့ရေနံထောက်ပံ့ရေးလမ်းကြောင်းများအပေါ် သက်ရောက်မှုရှိလာနိုင်သဖြင့် အရှေ့အလယ်ပိုင်းဒေသ၏ပထဝီနိုင်ငံရေးအခြေအနေမှာပိုမိုရှုပ်ထွေးလာလျက်ရှိသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *