PSM (News)

စက်တင်ဘာ ၁၁၊၂၀၂၆

တရုတ်နိုင်ငံအရှေ့ပိုင်းကျင်တောင်မြို့ရှိနိုင်ငံပိုင်သင်္ဘောကျင်းတစ်ခုတွင်ပြုပြင်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့်နိုင်ငံခြားကုန်တင်သင်္ဘောတစ်စင်းပေါ်တွင် ကြာသပတေးနေ့ကမီးလောင်မှုဖြစ်ပွားခဲ့ရာလူ၂၅ဦးသေဆုံးခဲ့ကြောင်းနိုင်ငံပိုင်သတင်းဌာနကဖော်ပြခဲ့သည်။

မီးလောင်မှုကို နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကျင်တောင် ပေဟိုင်း (Qingdao Beihai) သင်္ဘောကျင်း၌ ပြုပြင်စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရှင်ဟွာ (Xinhua) သတင်းဌာနကဆိုသည်။ သင်္ဘောပေါ်တွင် လူစုစုပေါင်း ၄၂ ဦးလိုက်ပါခဲ့ရာ၁၂ဦးမှာဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ပြီး ၅ ဦးမှာ ဒဏ်ရာရရှိကာဆေးရုံတင်ထားရကြောင်း သိရသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်လုပ်ဆောင်ရန်၊ အမြန်ဆုံးစုံစမ်းစစ်ဆေးရန်နှင့် တာဝန်ရှိသူများကိုအရေးယူဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း ရှင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။ အဆိုပါသင်္ဘောကျင်းကို ကမ္ဘာ့အကြီးဆုံးသင်္ဘောတည်ဆောက်ရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့်နိုင်ငံပိုင်တရုတ်နိုင်ငံတော် သင်္ဘောတည်ဆောက်ရေး ကော်ပိုရေးရှင်း (China State Shipbuilding Corporation – CSSC)ကထိန်းချုပ်ထားခြင်းဖြစ်သည်။

ကိုးကား-CNA

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *